Chapter 146: Vicious

1.2K 219 5
                                    

အခန်း (၁၄၆): ကြမ်းတမ်းရက်စက်ခြင်း

Words Count: 3980

UNICODE


Ubarr နယ်​​မြေ၏ကမ်းရိုးတန်း။

​ကျွန်းငယ်များကြားရှိ​​ရေဝဲများမှာ ပင်လယ်ထဲ၌ဝဲ​ဝှေ့​နေဆဲပင်။

Ubarr နယ်​မြေထဲရှိအ​ဝေးဆုံးကျွန်းတစ်ခုတွင်ဖြစ်၏။

"Killer ​ဝေလငါးကြီး! မ​တွေ့ ရတာ​တောင်ကြာပြီ​နော်!"

Raon ၏​ရှေ့လက်​လေးသည် Killer ​ဝေလငါးကြီးဖြစ်​သော Archie ၏​​ကျောပြင်​ချော​​ချော​ပေါ် သို့ထိရိုက်သည်။ Archie သည်သက်ပြင်းမချမိသွား​အောင်ထိန်းချုပ်ကာ Cale ဘက်သို့လှည့်ကြည့်သည်။ Archie ၏မျက်နှာမှာရူံ့တွမူန်သုန်လျက်။

"သခင်​လေး Cale"

"ဘာလဲ?"

"ကျွန်​တော်အဲ့မိန်းမကိုကျွန်​တော့်​ကျော​ပေါ် ​ပေးမတက်နိုင်ဘူးဗျာ"

ထိုမိန်းမ။

သူ​​ပြော​နေသည်မှာ အဖြူ​ရောင်ဝတ်ရုံကိုဝတ်ဆင်​ထားသည့် Hannah ကိုဖြစ်သည်။

"Archie-nim"

"Paseton-nim တစ်ချို့ကိစ္စ​တွေကခွင့်ပြုလို့မရပါဘူး"

Humpback ​ဝေလငါးငယ်ဖြစ်​သော Paseton သည် Archie ၏​လေသံမာမာကိုကြားလိုက်ရ​သော်ဘာမှမ​ပြောနိုင်ခဲ့​တော့ဘဲ သူသည် Cale ကိုသာကြို့တိုးအန်းတမ်းနိုင်စွာပြုံးပြခဲ့​လေသည်။

ထိုအမျိုးသမီးမှာ​ ဝေလငါးမျိုးနွယ်စုအားတိုက်ခိုက်ခဲ့ပြီး ​ဝေလငါး​ပေါင်းများစွာအားသတ်ဖြတ်ခဲ့​သောဓါး​ရေးကျွမ်းကျင်သူဖြစ်၏။

သူမအား လက်ရုံးကသစ္စာ​ဖောက်ပစ်ထားခဲ့၍ အခုကိုသူတို့မှာပူး​ပေါင်းလုပ်ကိုင်​နေတာဖြစ်​သော်ညားလည်း သူတို့ခွင့်မပြုနိုင်​သောကိစ္စတို့ရှိ​လေသည်။

Killer ​ဝေလငါး Archie သည်အနှီရန်သူ​တော်​ဟောင်းကြီးအားသူ၏​ကျော​ပေါ် သို့တင်ရန်အစီစဥ်မရှိပါ​ပေ။

Cale ကစ​ပြောသည်။

"မင်းသ​ဘောပဲ​လေ...အရင်တစ်​ခေါက်ကလိုငါတို့မင်းကိုသင်္ဘောနဲ့တွဲချည်​​​​ပေးသွားမယ် အဲ့ဒါမှသူလည်းအဲ့သင်္ဘောနဲ့လိုက်လာလို့ရမှာ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now