Chapter 165: Somehow Once Again (5)

911 156 1
                                    

အခန်း (၁၆၅): တနည်းနည်းနဲ့ ​နောက်တစ်ဖန် (၅)

Words Count: 6435

UNICODE

သူ့အားစိုက်လို့ကြည့်​နေကြ​သောအကြည့်တို့အား Cale သည်တစ်မှုန်တစ်စ​တောင်ဂရုမစိုက်ခဲ့ပါ။ 

• "ဟူးမန်း" 

မည်သို့ပင်ဆို​စေကာမူ သူသည် Raon ၏မှတ်ချက်များကို​​တော့စိုးရိမ်မိ​လေသည်။ 

• "ငါမင်းကိုသိပ်ဂုဏ်ယူတာပဲ...ဒီခံစားချက်ကသိပ်​ကောင်းတယ်သိလား ဟူးမန်း...ငါတို့လုပ်နိုင်ခဲ့ပြီ" 

ခံစားချက်တို့ဖြစ်​ပေါ် ​နေ​သောအနက်​ရောင်နဂါး​လေးအား Cale သည်တတ်နိုင်သမျှလျစ်လျူရှုဖို့ကြိုးစားမိသည်။ သူသည် သူ၏တစ်ဆင့်အထက်ပေါ် ၌မတ်တပ်ရပ်လို့​နေ​သောအင်ပါယာအားလှမ်း​မျှော်ကြည့်ခဲ့သည်။ 

အင်ပါယာဆိုသည်မှာအခုလိုအ​ခြေအ​နေမျိုး၌သာမြင်​တွေ့ ရနိုင်​သောလူမျိုးဖြစ်​လေသည်။ အင်ပါယာဘက်သို့လှမ်း​မျှော်ကြည့်​နေသည့် Cale ၏အ​တွေးမှာ 'ထိုသို့​သောပုဂ္ဂိုလ်နှင့်တွေ့ ဆုံရသည်မှာဘယ်​လောက်​တောင်ဂုဏ်ယူဖို့​ကောင်းလိုက်လဲ' ဆိုသည်တို့မဟုတ်​ပါပေ။ 

'သူ့ခန္ဓာကိုယ်ကအားနည်းတယ်လို့သူတို့​ပြောထားတယ်မလား?' 

သူကြားဖူးသည်က​တော့အင်ပါယာမှာအလွန်တရာကိုမှအားအင်တို့ချိနဲ့​နေကာ အခုထိတိုင်အရှင်လတ်လတ်ကြီးရှိ​နေသည်ဆိုသည့် အချက်မှာအံ့ဖွယ်တစ်ရပ်ပင်ဖြစ်​နေသည်ဟူ၍။ အရင်အ​ရှေ့ကအင်ပါယာအတွက်လည်းထိုနည်းလည်း​ကောင်းပင်။ 

'သူတို့​တွေ​တော်ဝင်မင်းသားကိုတန်ဖိုးထားတာမဆန်းပါဘူး' 

​အောက်ပါစာ​ကြောင်းမှာ​တော်ဝင်မင်းသား Adin အား 'သူရဲ​ကောင်းတစ်​ယောက်​မွေးဖွားလာခြင်း' ထဲ၌​ဖော်ပြချက်များထဲမှတစ်ခုဖြစ်သည်။ 

< အင်ပါယာသည်သူ၏​လောဘတို့အား Adin ​ပေါ် သို့လွှဲချခဲ့သည်။ Adin ကလည်းထိုအချက်အ​​​ပေါ် အမြတ်ထုတ်၏။ > 

​တော်ဝင်မင်းသားသည်ကျန်းမာကြံ့ခိုင်​သောခန္ဓာကိုယ်ဖြင့်​မွေးဖွားလာခဲ့ကာ ဓါး​ရေးအတတ်တွင်လည်းထူးချွန်​လေ၏။ အင်ပါယာလိုချင်
​တောင့်တ​​သောအရာတို့ဖြင့်​မွေးဖွားလာခဲ့​သော Adin သည်ထိုအချက်အားအသုံးချကာ သူ့အ​ပေါ် အင်ပါယာမှီခိုအားထားလာ​အောင်လုပ်ခဲ့သည်။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now