Chapter 129: Really A Good Person (4)

1.3K 260 15
                                    

အခန်း (၁၂၉): တကယ်စိတ်သ​ဘောထား​ကောင်းတဲ့သူ (၄)

Words Count: 5430

UNICODE

"အဲ့ဒါဆိုကျွန်မတို့အခုဘာလုပ်သင့်လဲ?"

Hannah သည်ကြံရာမရသလိုခံစားမိရင်း Cale အားကြည့်မိသည်။ သူမ၏တုန်လှုပ်​နေ​သောမျက်လုံးအစုံမှာ Cale အားအ​ဖြေအချို့​​တောင်းဆို​နေသကဲ့သို့ရှိ​နေသည်။ ကံမ​ကောင်းတာကသူမသည်လူ​​မှား​ရွေးခဲ့​လေသည်။

"အ​စောနကအထိငါ့ကိုမင်းသံသယဝင်​နေခဲ့တာ​လေ...အခုကြ​တော့ဘာလုပ်ရမလဲဆိုပြီး​ငါ့ကိုမေး​နေတာလား?"

Cale သည်သူ့စိတ်ထဲတွင်​တွေးမိသည့်အတိုင်း​ပြောချခဲ့သည်။

သူ၏​ခေါင်းမှာအခု​လော​လောဆယ်ဒီအမြွှာနှစ်​ယောက်ကိစ္စကိုကိုင်တွယ်ဖို့​နေရာလွတ်ရှိ​မ​နေ​ပါ။

"ဒါ-ဒါ​ပေမယ့် ရှင်ကလက်ရုံးနဲ့တိုက်​ခိုက်နေတာ​လေ"

'တိုက်ခိုက်တယ်? ဘယ်ကသာ'

Cale သည်သူ့​ခေါင်းထဲတွင်​ပေါ် လာ​သောပထမဆုံးအရာကို​ပြောလိုက်ရင်း​ခေါင်းကိုခါလိုက်သည်။

"အခုကိုမင်းတို့​တွေမစ္စ Lina ဆီကပဲအကူအညီ​တောင်းသင့်တယ်...မြိုင်​တောကြီးကကျယ်​တော့ပုန်းလို့ရနိုင်မယ့်​နေရာ​တွေလည်းများမှာပဲ...မစ္စ Lina ကမင်းတို့​တွေကိုကူညီ​ပေး​​လောက်ပါတယ်"

Cale ၏​လေသံ​အေး​အေးဖြင့်​ပြောလိုက်သံကိုကြားလိုက်ရပြီး​နောက် Hannah သည်အနည်းငယ်စိတ်​အေးသွားမိသည်။ ​နောက်ထပ်ဖြည့်စွက်​ပြောလာ​သော Cale ၏စကားမှာသူမစိတ်ထဲပဲ့တင်ထပ်သွားသည်။

"ပြီး​တော့ ကိုယ့်ကိုကိုယ်အရင်ကုဦး...မင်းတစ်​ယောက်တည်းကပဲ ကိုယ့်ကိုကိုယ်ကာကွယ်​နိုင်တာမလား...အဲ့ဒါကငါမ​ပြောလည်းမင်းဘာမင်းသိပြီး​လောက်​​​ရော​ပေါ့"

"...ကျွန်မသိပါတယ်...အခုအ​ခြေအ​နေကကျွန်မကိုအဲ့အ​ကြောင်းပိုလို့​တောင်သိ​​သွား​စေတယ်"

သူမ၏အစ်ကိုမှာ​နေနတ်ဘုရား၏ကုသ​နိုင်စွမ်းဖြင့်​မွေး​ဖွားလာတာဖြစ်​သည် သို့သော်လည်း  ဖြစ်နိုင်​ချေက​တော့ထိုစွမ်းအား​ကြောင့်ပဲ သူမှာလုံးဝကိုကာယစွမ်းရည်မရှိ​ပေ။ သူနှင့်ယှဥ်လျှင် သူမမှာကိုယ်ကာယ​လေ့ကျင့်ခန်း နှင့် ဓါး​ရေးတို့တွင်တစ်ဖက်ကမ်းခတ်ထူးချွန်ခဲ့​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now