Chapter 192 : Destroying It!

682 128 3
                                    

အခန်း (၁၉၂): ဖျက်စီးပစ်ခြင်း!

Words Count: 3985

UNICODE


Alberu Crossman။

တစ်ဖက်က​ ခေါ် ဆိုလာ​သော ပုဂ္ဂိုလ်ကို ကြည့်ရသည်မှာ​တော့ သိပ်မဟန်​ပေ။

အမြဲတမ်းလိုလို ပြစ်ချက်မရှိဘဲ ခံ့ညား​ကျော့ရှင်း​နေတတ်​သော အမျိုးသားသည် အခု​တော့ ဆံပင်တို့ရူပ်ပွစွာဖြင့် ကုလားထိုင်အား မှီထိုင်လို့​နေသည်။

"အရှင့်သားကို အခုလိုမြင်​တွေ့ ရတာ ကျွန်​တော် ရင်ထဲမ​ကောင်းဖြစ်မိပါတယ်"

• "​ပေါက်ကရ​လေးဆယ်​တွေ"

အိမ်​ရှေ့စံမှာ တစ်ခုခုထပ်​ပြောမလို့ပဲရှိ​သေး Cale ကိုကြည့်ရသည်မှာလည်း မဟန်သည့်ပုံထွက်​နေသည်မို့ သူသည်​ ပြောမည့်စကားအား မျိုချလိုက်ရ​တော့သည်။

အဲ့အစား Alberu သည် လိုရင်းကိုသာ​ ပြောချသည်။

• "Paerun တိုင်းပြည်က ရဲမက်​တွေ Norland ထဲ ဝင်သွားတာ ငါတို့​တွေ့ ထားတယ်"

Paerun၊ Norland နှင့် Askosan။

ထိုတိုင်းပြည်တို့မှာ​ မြောက်ပိုင်းမဟာမိတ်ဖွဲ့ ထဲ၌ ပါဝင်ထား​သော တိုင်းပြည်တို့ပင်။

ယင်းတိုင်းပြည်သုံးပြည်ထဲမှ Norland တိုင်းပြည်မှာ အလင်းမဲ့​တောအုပ်၏​မြောက်ဘက်နှင့် ထိစပ်​နေသည်။ အကယ်၍ အလင်းမဲ့​တောအုပ်သာမရှိခဲ့ပါက သူတို့မှာ Roan တိုင်းပြည်နှင့်လာပြီး နယ်နိမိတ်ချင်းဆက်စပ်​နေမှာဖြစ်၏။

ထိုသတင်းအား​ပေးပို့ပြီး​နောက် အ​ထောက်​တော်သည် ရုပ်သံဆက်သွယ်​ရေးစက်အား ဖျက်စီးပစ်လိုက်ခဲ့သည်။

Norland တိုင်းပြည်ဆီသို့​ စေလွှတ်ထား​သော အ​ထောက်​တော်မှာ အိမ်​ရှေ့စံမင်းသား၏အ​မှောင်ထုနတ်သူငယ်တစ်​ယောက်ပင်။

သူ၏ဒြပ်စင်ပြန်မလာခဲ့ခြင်း​အချက်ကြောင့် ယင်းနတ်သူငယ်မှာ အသက်ရှင်လျက်ရှိ​​သေး​ကြောင်းသိနိုင်သည်။

"သူအသက်ရှင်လျက်ပြန်လာနိုင်မှာပါ"

Cale ၏တုံ့ပြန်မှု၌ Alberu ကပြုံးကာ ​ပြောလက်စ စကားအားပြန်ဆက်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now