Chapter 111: Scary (4)

1.2K 242 13
                                    

အခန်း (၁၁၁):
ကြောက်စရာ​ကောင်းလိုက်တာ (၄)

Words Count: 4911

UNICODE

သို့​သော် Pendrick အပြင် Cale အားအ​ဖြေပြန်​​​ပေးနေ​သူတစ်ဦးရှိသေးပါသည်။

• "ဟူးမန်း သူဘယ်သူလဲဆိုတာငါသိတယ်! မင်း​ရောသိချင်လား? သူကငါတို့​တွေတည်းခို​ဆောင်မှာတုန်းက​လေ မင်းကိုလာပြီးစကား​ပြောတဲ့နတ်သူငယ်ရဲ့​နောက်နားမှာရပ်​နေတဲ့နတ်သူငယ်ပဲ! ငါကကြီးကျယ်ပြီးမြင့်မြတ်တဲ့နဂါးတစ်​ကောင်ဆို​တော့အကုန်လုံးကိုငါမှတ်မိတယ်!"

'သူဘယ်သူလဲဆိုတာငါသိပါတယ်ဟ'

သူ၏​ခေါင်းမှာ Raon ၏မလိုအပ်​သောရှင်းပြချက်တို့ဖြင့်ဆူညံပွက်​လောရိုက်လာသဖြင့် Cale သည်မျက်​မှောင်ကြုတ်သွားမိသည်။

'ဒါနဲ့ သူကဘာဖြစ်​နေတာလဲ?'

Pendrick ၏တုံ့ပြန်ချက်အ​ပေါ်  Cale သည်စိုးရိမ်မိသည်။ Pendrick သည်သူ၏ဝတ်ရုံ​ခေါင်း​ဆောင်းအားအသာပင့်​မြှောက်၏။ သူ၏နားရွက်တို့မှာအခုထိဖုံးကွယ်ဆဲဖြစ်သော်လည်း Cale သည် Pendrick ၏မျက်လုံးနားက 'Z' ပုံသဏ္ဍာန်အမာရွတ်အားမြင်​တွေ့ ​နေရသည်။

"ဆာ ကျွန်​တော်တို့​တွေတည်းခို​ဆောင်မှာတုန်းကဆုံခဲ့ဖူးတယ်​လေ...ကျွန်​တော်တို့နှစ်​ယောက်အကြည့်ချင်းဆုံခဲ့တာကိုကျွန်​တော်မှတ်မိပါတယ်"

ထိုသည်မှာအမှန်ပင်။ Cale သည် Pendrick ၏မျက်လုံးနားကအမာရွတ်အားမြင်​​တွေ့ လိုက်ရပြီး​နောက်တွန့်ခနဲဖြစ်သွားခဲ့ရသည်။

"အဲ့လိုဖြစ်ခဲ့တာလား?"

သို့​​သော် Cale သည်အဆုံးထိမသိချင်​ယောင်​ဆောင်​၏။ ထို့အပြင် သူ၏ပြန်တုံ့ပြန်ချက်တို့ကိုလည်းတိုနိုင်သမျှအတိုဆုံးဖြစ်​အောင်သူ​ပြန်ပြော​ခဲ့၏။ သူ၏အ​တွေ့ အကြုံများမှတဆင့်သူသင်ခန်းစာရပြီးဖြစ်​လေသည်။

'အများကြီး​ပြောလို့မဖြစ်ဘူး'

တစ်စုံတစ်​ယောက်အားသူစကားများများ​ပြောမိ​လေ အဆုံး၌အရူပ်အ​​ထွေးများထဲသို့​သူဆွဲ​ခေါ် သွားခံရ​လေဖြစ်သည်။ Cale သည် Pendrick အား​ကျော​ပေးလိုက်ကာသူနှင့်ဆန့်ကျင်ဖက်လားရာဆီ​လျှောက်သွားခဲ့သည်။ သူမှာတွင်းကြီးအ​ပေါ် ဖက်အားဦးတည်​သွားခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now