Chapter 133: Together

1.4K 275 18
                                    

အခန်း (၁၃၃): အတူတူ

Words Count: 4466

UNICODE


လက်ဖဝါး​သေး​သေး​လေးတစ်ခုမှာ Cale ၏နံ​ဘေးအားဆက်တိုက်ဆိုသလိုလာထိ​တွေ့ သည်။

"ဟူးမန်း"

"​ပြော"

Cale သည်သူ၏​ခါး​အောက်သို့ငုံ့ကြည့်လိုက်​တော့ Raon တစ်​​ယောက်ပြုံးရယ်​နေတာကို​တွေ့ လိုက်ရ၏။

"ငါဒီ​နေရာကိုသ​ဘောကျတယ်...​တော်တယ် မင်းချီးကျူးခံသင့်တယ်!"

"...​ကျေးဇူး"

ငါးနှစ်သား​​လေးတစ်​ယောက်၏ချီးကျူးခံရပြီး​နောက် Cale ၏မျက်နှာအမူအရာမှာမ​ရေမရာဖြစ်သွားခဲ့​လေသည်။ Eruhaben သည်လည်းထို့အတူဖြစ်၏။

"ဂွန်ဆယ် ငါတို့ရဲ့အိမ်ကမင်းရဲ့​ရွှေ​တွေနဲ့အပြည့်ကာထားတဲ့အိမ်ထက်ပိုမ​ကောင်းဘူးလား? ငါတို့အိမ်ကရိုးရှင်း​ပေမယ့် ခံ့ခံ့ညားညားရှိတယ်"

"...​အေးပါ"

​​ရှေး​ဟောင်းနဂါးကြီးသည်ဒီတိုင်းပင်သ​ဘောတူခဲ့သည်။ ထိုစဥ် Cale နှင့် Eruhaben သည်အကြည့်ချင်းဆုံမိသွား၏။ Eruhaben သည်သက်ပြင်းတစ်ချက်ချ၍တည်​​နေရာတစ်ခုအားညွှန်ပြသည်။

"မင်းဟိုက​ကျောက်တိုင်ကိုနည်းနည်းစုံစမ်းကြည့်ဖို့လိုမယ်ထင်"

Cale သည်အနှီ​ကြောက်စရာလန့်စရာ​ကျောက်တိုင်ကြီး၏​နောက်​ကြောင်းရာဇဝင်အားကျန်​သောသူများကိုရှင်းပြလိုက်သည်။ သူတို့တစ်ဦးချင်းဆီသည်မတူညီ​သောတုံ့ပြန်ချက်တို့အားပြလာ၏။

"..."

​အ​စောနကအချိန်ထိနေရာတွင်​တွေ​တွေကြီး​ကြောင်အမ်းစွာရပ်​နေခဲ့သော Hilsman အား Cale သည်လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့သည်။ Raon သည် Cale အားချည်းကပ်ကာသတိကြီးစွာ​မေးသည်။

"အနှစ်တစ်သိန်း​လောက်ထိအဆင်​ပြေတယ်ဆိုရင်အဲ့ဒါကြီးကိုဒီတိုင်းထားလိုက်ကြရ​အောင်"

'...အသက်ကြီးလာတာနဲ့အမျှဒီတစ်​ယောက်ကငါနဲ့တ​ဖြေး​ဖြေးဆင်လာသလိုပဲ'

သူနှင့်အကြံတူသော Raon အားစိုက်ကြည့်ရင်း Cale သည်ပီတိဖြစ်မိ​သောမိဘတစ်​ယောက်အလားခံစားခဲ့ရ​လေသည်။ တစ်ဖက်တွင်​တော့ Eruhaben သည်မတူညီ​သောတုံ့ပြန်ချက်အားပြသခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now