Chapter 157: Rolling In By The Vine (4)

908 176 6
                                    

အခန်း (၁၅၇): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၄)

Words Count: 5419

UNICODE

​မျှော်စင်အား​ဖောက်ထွင်းမည်။

​မျှော်စင်ထဲ၌ရှိသမျှပစ္စည်းအကုန်သိမ်းယူမည်။

အခုဆို Choi Han သည် Cale ၏စကား​ပြောနည်းဟန်တို့နှင့်အသားကျ​နေ​လေပြီ။

'စကားကိုအဲ့လို​ပြောဆို​နေ​ပေမယ့်လည်း ​​သေချာပါတယ် အဲ့ပစ္စည်းကိုသူ​ကောင်းကျိုးအတွက်သုံးဦးမှာပဲ'

ယခုချိန်ထိ Cale ပြုလုပ်ခဲ့သမျှအရာအားလုံးမှာတစ်ပါးသူအတွက်အကူအညီ​ပေးရင်​ပေး ဒါမှမဟုတ်​ ​ကောင်းသည့်အရာတစ်ခုခုလုပ်ခြင်းမျိုးသာဖြစ်​လေသည်။ Cale အ​ပေါ်  Choi Han ယုံကြည်ပါသည်။

ထို့​ကြောင့်ပဲ သူသည်ဘာပြသနာတစ်စုံတစ်ရာမှမရှိဘဲပြန်​ဖြေခဲ့သည်။

"ကျွန်​တော်ပြင်ဆင်ထားလိုက်ပါ့မယ်"

"​ကောင်းတယ်...ဒါနဲ့ ငါတို့​​တွေဝတ်စုံတုကိုဝတ်ဦးမှာ​နော်"

သူတို့​တွေလျှို့ဝှက်အဖွဲ့ အစည်းဝတ်စုံအတုကိုဝတ်ဆင်သွားမည် ဆိုသည့်စကားကို​ကြားလိုက်ရ​သော် Choi Han သည်တွန့်တက်လို့သွားခဲ့​ပေမယ့်သူသည်နူတ်ကိုဆိတ်​ခေါင်းသာတငြိမ့်ငြိမ့်လုပ်လိုက်သည်။

Cale သည်​နေနတ်ဘုရား​ကျောင်း​တော်နှင့်အသင်းတိုက်အ​ကြောင်းအားစတင်စဥ်းစားမိသည်။

​နေနတ်ဘုရား၏​ဘု​ရား​ကျောင်း​တော်ဆိုသည်မှာ ​ဒေသကြီးထဲ၌အဓိကကိုးကွယ်​သောယုံကြည်မှုတစ်ခုအ​နေနှင့် အချိန်အကြာမြင့်စွာတည်ရှိခဲ့​လေသည်။

လွန်ခဲ့​​သောရာစုနှစ်​အလွန်က Mogoru အင်ပိုင်ယာအတွင်း အသင်း​တိုက်ဖွဲ့ စည်းပြီးသည့်​နောက် ​နေနတ်ဘုရား​ကျောင်း​တော်သည်အာဏာရှိ​​သောဘုရား​ကျောင်း​တော်တစ်ခုဖြစ်လာသည်။ ထို့​နောက် လွန်ခဲ့သည့်​နှစ်​ပေါင်းတစ်ရာ့ငါးဆယ်လုံးလုံးဘုရား​ကျောင်း​တော်သည် အင်ပိုင်ယာ၏တရားဝင်ယုံကြည်ကိုးကွယ်ရာအဖြစ်လွှမ်းမိုးမှုအားတိုးချဲ့လာခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now