Chapter 166: Perhaps

1K 165 8
                                    

အခန်း (၁၆၆): မဟုတ်မှလွဲ​ရော

Words Count: 4338

UNICODE

ကလစ်။ 

​လေ​အေးပြင်းပြင်းတို့ထက်ပင်ထိတ်လန့်ဖွယ်​ကောင်း​သောအရာတစ်ခုသည်ရထားလုံးတံခါးဖွင့်လိုက်သည်နှင့် Cale အားကြိုဆို​နေ​​ပေတော့သည်။ 

"သ-သခင်​လေး!" 

သူ့အား​​တွေ့ မြင်လိုက်ရသည်နှင့်အလွန်​ပျော်ရွှင်ဝမ်း​မြောက်သွားဟန်​ပေါ်သောလူတစ်​ယောက်သည်လက်နှစ်ဖက်လုံးကိုဆန့်တန်းလျက် Cale ဆီသို့တန်း​ပြေးလာ၏။ 

ထိုသူမှာ ကြွက်တစ်ပိုင်းလူပုတစ်ပိုင်း Muller ပင်။ အခုပဲထငို​တော့မလိုရုပ်မျိုးဖြင့် Cale ဆီသို့တန်းမတ်စွာ​ပြေးလာ​နေ​သော Muller မှာအ​ပေါ် ထပ်ကုတ်အကျီကိုပင်​သေချာမဝတ်ထား။ 

"...အဲ့တစ်ယောက်ကဘာဖြစ်​နေတာတုန်း?" 

Cale သည် Choi Han ဘက်သို့လှည့်ကြည့်မိသည်။ သို့​သော်လည်း Choi Han သည်လည်းဘာမှ​ထွေ​ထွေထူးထူးမစဥ်းစားမိသလိုမျိုး သူ၏ပခုံးအားတွန့်ပြ​သည်။ ထိုအချိန်၌ပင် Muller သည်သူ့​ရှေ့သို့​ရောက်ချလာကာ အသက်ကိုပြင်းပြင်းရှု၏။ 

"သ-သခင်​လေး" 

"ဘာတုန်း?" 

ပုံမှန်ဆို Muller မှာ Cale ​ရှေ့၌​ကြောက်လန့်တကြား​ကွေးကုပ်လို့​နေမှာဖြစ်သည်။ ထို့​ကြောင့်ပဲ Cale မှာ Muller တစ်​ယောက်သူ့​ရှေ့၌ပုံမှန်ထက်ကွဲလွဲစွာပြုမူ​နေသည့်အ​ပေါ် နားမလည်ဖြစ်သွားရသည်။ 

ထိုအချိန် Muller သည် Cale ၏​​ဘောင်းဘီစအားဆွဲဆုပ်လို့လာ၏။ 

'...ဘာ​တွေဖြစ်​နေတာလဲ?' 

အသည်းအသန်ဖြစ်​​​​နေပုံ​ပေါ် ​သော Muller ၏ပုံစံမှာ Cale အားစိတ်ရူပ်သွား​စေခဲ့​သော်လည်း သူသည်အရင် Muller အားတွန်းဖယ်ခဲ့ကာ​​မေးမြန်းသည်။ 

'တစ်ခုခု​တော့တစ်ခုခုပဲ' 

ရဲတိုက်ကြီး၏တံတိုင်းနံရံများကိုမွမ်းမံပြင်ဆင်ခြင်း နှင့် ​ရွှေလိပ်သင်္ဘောကြီးအားဒီဇိုင်း​ရေးဆွဲပြီး​နောက် Muller ၏လတ်တ​လောတန်ဖိုးမှာမြင့်တက်လို့​နေ​ချေသည်။ ​​သူမှာခေါင်းကို​​မော့ ရင်ကို​မောက်၍ ပေါ် ကြော့​လျှောက်သွား​လို့ရ​ရက်သားနဲ့ ဘာ​ကြောင့်သူ့ကြည့်ရတာ​ကြောက်လန့်​နေတဲ့ပုံ​ပေါ် ရတာလဲ? 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now