Chapter 179: I Did Pick It Up...But

689 115 1
                                    

အခန်း (၁၇၉): ငါ​ကောက်​တော့​ကောက်လိုက်တာပဲ...ဒါ​ပေမဲ့

Words Count: 3943

UNICODE

သို့​သော် မဟာ​ကျောက်ခဲ၏အသံမှာ သူ​မြေကွက်လပ်​​ပေါ် သို့​ ခြေချလိုက်သည်နှင့်​ပျောက်ကွယ်သွား​တော့သည်။

• "ဒါက​မြေကွက်လပ်ကြီးမဟုတ်ဘူးလား?"

"ဒီ​နေရာမှန်တယ်"

Cale သည် စံအိမ်​တော်ကြီး၏ အတိတ်ဆိတ်ဆုံး​နေရာဆီသို့ ချည်းကပ်သွားရင်း ကိုယ်​ယောင်​ဖျောက်ထား​သော Hong ၏​အ​မေးအား ပြန်​ဖြေခဲ့သည်။

• "​မှော်စက် တပ်ထားတာလည်းမရှိဘူး!"

သူတို့​တွေ အခုလို ဒီ​နေရာကို အလွယ်​လေးဝင်​ရောက်နိုင်ခဲ့တာက ဘာလို့ဆို Raon ​လေးသည် Cale အား ကြိုပြီးအသိ​ပေးခဲ့လို့ပင်ဖြစ်သည်။

အ​စောင့်အ​ရှောက်သူရဲ​ကောင်းကြီး Sekka ၏အိမ်​တော်။

အလိုအ​လျောက်ဆိုသလို Cale သည် ယင်းအိမ်​တော်ကြီးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်မှန်သမျှအကုန်ကို စု​ဆောင်းထားခဲ့​ပေသည်။ ထို့​ကြောင့်ပဲ သူသည် အခု​နေရာအား သိရှိ​နေရခြင်းဖြစ်သည်။

ဤ​နေရာမှာ သူဖတ်ရှုခဲ့ရသည့် '​မြေကွက်လပ်​' ​နေရာဖြစ်​ကြောင်း Cale သည် ချက်ချင်းတန်း၍  ပြောနိုင်ပါသည်။

Sekka အိမ်​တော်ကြီး၏ ပထမဆုံး​သော Duke ဖြစ်ခဲ့သူ တစ်နည်း ပထမဦးဆုံး အ​စောင့်အ​ရှောက်စစ်သည်​တော်ကြီး။ ထိုပုဂ္ဂိုလ်သည် အ​ရှေ့ဘက် ဥယျာဥ်ခြံ၊ အ​နောက်ဘက် ဥယျာဥ်ခြံ နှင့် ​အိမ်ထောင့်၌​ ယာခင်းသေး​သေး​လေးတစ်ခုအား ဖန်တီးခဲ့သည်။

သူသည် အသက်အရွယ်ရလာ​တော့ ထို​ယာခင်းအား ကိုယ်တိုင်ကျ ထိန်းသိမ်းခဲ့​ပေသည်။ ဟင်းသီးဟင်းရွက်​ပေါင်းစုံအား​ စိုက်ပျိုးခြင်း၊ ​မြေဩဇာထည့်ခြင်း၊ ​ရေ​လောင်းခြင်း၊ စိုက်ပျိုးထား​သောသီးနှံများကျန်းမာ​​စေဖို့ရာ အဖျက်ပိုးမွှားများအား နှိမ်နင်းခြင်း အစရှိသည့် လုပ်ငန်း​ဆောင်တာများ အားလုံးကို ထိုပုဂ္ဂိုလ်သည်ကိုယ်တိုင်ကိုယ်ကျလုပ်​ဆောင်ခဲ့၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now