Chapter 195: Destroying It! (4)

820 138 10
                                    

အခန်း (၁၉၅): ဖျက်စီးပစ်ခြင်း! (၄)

Words Count: 4862

UNICODE


ဒေါက်။

​ဒေါက်။

သူသည် လမ်း​လျှောက်ရာမှ ရပ်လိုက်သည်။

ဘဲဥပုံသဏ္ဏာန်ရှိစားပွဲရှည်​ ရှေ့၌ Cale သည် မတ်တပ်ရပ်လာသည်။ ထိပ်ဆုံးက ထိုင်ခုံမှာ မြို့စားကြီး Henituse အတွက် ချန်ထား​သောခုံ​နေရာ ဖြစ်​လေသည်။

Cale မှာ ထို​နေရာနား၌ မတ်တပ်ရပ်​နေ​သော်လည်း မထိုင်။

သူသည် သခင်​လေး Eric ၏ဖခင်ဖြစ်သူ မြို့စားကြီး Wheelsman ဆီသို့လှမ်းကြည့်ကာ အကြည့်ဖြင့် နူတ်ဆက်လိုက်​သည်။

မြို့စားကြီး Wheelsman နှင့်အတူ သူသည်ကိစ္စများအား​ ဆွေး​နွေးထားနှင့်​ပြီး ဖြစ်​လေသည်။

• "ဟူးမန်း"

Cale ၏​ခေါင်းထဲ Raon က စတင်စကား​ပြောလာသည်။

• "ဒီချီးထုပ်​တွေက မင်းမ​ကောင်း​ကြောင်း​တွေ​ပြော​နေတာ...တကယ် အ​မေးဇင်းပဲ​နော်...သူ​တို့​တွေ အသက်မရှင်ချင်ကြ​တော့ဘူးလားပဲ?"

'​ကြောက်စရာ လန့်စရာ​ကောင်းလိုက်တဲ့ ​ခြောက်နှစ်သား​လေးပါလား'

သူ၏အ​တွေးနှင့် ဘာမှမဆိုင်​အောင် Cale ၏မျက်နှာထားမှာ ခပ်တည်တည်ဖြင့်။

သူသည် မျိုးရိုးမြင့်တို့အား တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။

(ဒီမှာငုံ့ကြည့်တယ်ဆိုတာ အထင်အမြင်​သေးစွာကြည့်လိုက်တယ် လို့​ပြောချင်တာပါ)

"အဟမ်း-ဟမ်း"

တစ်ချို့​သောပုဂ္ဂိုလ်များမှာ​ ချောင်း​ခြောက်အချို့ ဟန့်လာသည်။ အ​ကြောင်းမူ Cale ကဲ့သို့ သခင်​လေးတစ်​ယောက်က သူတို့အား စိုက်ကြည့်​နေတာကို မသက်မသာခံစားလာရ၍ ဖြစ်သည်။

ထိုအချိန်တွင်ဖြစ်၏။

အ​ရှေ့​တောင်ပိုင်း​ဒေသအား တိတ်တဆိတ်အုပ်ချုပ်​နေသည်ဟု သတင်းထွက်​နေ​သော Marquis Ailan ဂိုဏ်းဝင်အဖြစ် ကျော်ကြားသည့် နယ်စားတစ်ဦးသည် စကားစတင်​ပြောဆိုလာသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now