Chapter 138: Together (6)

1.2K 214 9
                                    

အခန်း (၁၃၈): အတူတူ (၆)

Words Count: 5138

UNICODE

သို့​​သော် ထိုပြဇာတ်ပွဲမှာအ​ဝေးကြီးလို​သေးပြီးအဲ့မတိုင်ခင်​ဖြေရှင်းရမည့်ပြသနာ​ပေါင်းစုံလည်းရှိ​နေ​သေးပါသည်။

'ဒါ​​ပေမယ့် အဲ့ပြသနာ​တွေကငါရှင်းရမယ့်ဟာ​တွေမှမဟုတ်တာပဲ​လေ'

Cale သည်မြိုင်​တောကြီး၏အထူးစပယ်ရှယ်​သောက်စရာတစ်မျိုးဖြစ်​သော​ရေ​​နွေးကြမ်းတစ်ငုံအား​​အေး​အေးလူလူပင်သောက်လိုက်သည်။ အခု Cale သည်​ရေ​နွေးကြမ်းသောက်ရင်းဖြင့်မြိုင်​တောဘုရင်မ Litana  နှင့်စကား​ပြော​နေတာဖြစ်၏။

ရေ​နွေးခွက်ကိုချလိုက်သည်နှင့် Litana စစကား​ပြောလာသည်ကို Cale ကြားလိုက်ရသည်။

"သူ​တော်စင်​ပေးခဲ့တဲ့သတင်းအချက်အလက်​တွေအရဆိုရင် အလ်ကယ်မစ်ဘဲလ်တာဝါဆီမှာသတ်ဖြတ်မှုနဲ့စစ်ပွဲ​တွေအတွက်စမ်းသပ်ချက်အများကြီးကိုလုပ်​နေကြတာပဲ"

ထိုစကားတို့​ပြောလိုက်စဥ် Litana ၏မျက်နှာမှာမူန်သုန်​နေခဲ့သည်။ ဘယ်အရာကသူမအားယင်းသို့မျက်နှာမျိုးဖြစ်​​​စေ​ခဲ့လဲဆိုသည်ကို Cale ခန့်မှန်းမိပါသည်။ သူသည်စပြီးစကား​ပြောလိုက်၏။

"အဲ့သု​တေသနအတွက်လက်​တွေ့စမ်းသပ်ချက်​​တွေအများကြီးလည်းသူတို့လုပ်ခဲ့ကြ​လောက်တယ်"

Cale ၏မှတ်ချက်၌ Litana သည်​ခေါင်းကိုငြိမ့်ပြကာသူမ၏​ရေ​နွေးကိုဂလုခနဲ​​မော့ချလိုက်၏။

'မပူဘူးလားမသိ?'

Litana အပူ​လောင်သွားမည်အား Cale သည်စိုးရိမ်မိပါသည်။

ဘန်း!။

သို့​သော်လည်း သူသည် Litana တစ်​ယောက်သူမ၏​ရေ​နွေးခွက်အားဖန်စားပွဲ​ပေါ် သို့ဘန်းခနဲပစ်ချလိုက်သည်ကိုမြင်ပြီးတာ​တောင်မှဘာမှဝင်မ​ပြောခဲ့​ပေ။ Litana ၏မျက်လုံးနက်နက်တို့မှာ​​ဒေါသတို့အပြည့်။

"ကျွန်မသူတို့ကိုခွင့်မလွှတ်​နိုင်ဘူး...ဒီ​လောက်တိရစ္ဆာန်အများကြီးနဲ့ လူအ​ရေအတွက်အများကြီးကိုအဲ့လိုရက်ရက်စက်စက်သူတို့​တွေသတ်ပစ်နိုင်ရတာလဲ?!"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now