Chapter 163: Somehow Once Again (3)

857 149 5
                                    

အခန်း (၁၆၃) : တနည်းနည်းနဲ့ ​နောက်တဖန် (၃)

Words Count: 3993

UNICODE

Cale သည်​တော်ဝင်မင်းသား Adin နှင့်အကြည့်ချင်းဆုံလိုက်ကာစကား​စပြောသည်။ 

"ကျွန်​တော်မျိုးအဆင်​ပြေပါတယ် အရှင့်သား" 

Cale မှာမားမားမတ်မတ်ရပ်​နေကာ တစ်စက်​လေးမှနာကျင်​နေပုံ​မပေါ် ။ 

သို့​သော် လူအားလုံးသည်သူ၏လက်ထဲတွင်ရှိ​နေ​သော​သွေးတို့​ပေစွန်း​နေ​သောလက်ကိုင်ပုဝါနှင့် ထိုလက်ကိုင်ပုဝါအားကိုင်ထား​သောလက်မှာတဆတ်ဆတ်တုန်ယင်လို့​နေသည်ကို​တွေ့ ​နေရ၏။ 

ထို့အပြင် သူ၏မျက်နှာ​ပေါ် ၌ဖြူ​ဖျော့​သောအပြုံးတစ်ခုလည်းရှိ​နေ​လေသည်။ 

သူမှာလုံးဝကိုအဆင်​ပြေဟန်မ​ပေါ် ပါ။ 

ထိုအချိန် Cale သည်စကားကိုစ​ပြောသည်။ 

"ကျန်တဲ့တစ်ခြားလူများ​ရောအဆင်​ပြေပါရဲ့လား ခင်မျာ?" 

"အာ" 

​တော်ဝင်မင်းသားနှင့်အတူပါလာ​သောဝန်ကြီးတစ်ဦးသည်ပင့်ရိူက်သံပြုသည်။ 

Adin သည် Cale ကို တစ်ချက်မြန်ဆန်စွာအကဲခတ်၏။ သူ၏အကြည့်များမှာ ​နွေး​ထွေးမှု​ရော ဂရုစိုက်ဟန်တို့တစ်စက်မှမပါဝင်​သော​အေးစက်စက်အကြည့်တို့ဖြစ်​လေသည်။ 

ထို့​နောက် သူသည် Cale နှင့်အကြည့်ချင်းဆုံမိသွား​တော့ ခပ်မြန်မြန်ပင် စိုးရိမ်ပူပန်ပြီး ​ကျေးဇူးတင်စိတ်ဖြစ်မိ​နေ​​သောအကြည့်တို့အဖြစ်ချက်ချင်း​ပြောင်းလဲလိုက်​ခဲ့သည်။ 

"အင်း မင်းရဲ့ကျေးဇူး​ကြောင့်နဲ့အကုန်လုံးအဆင်​ပြေကြပါတယ်...ဒဏ်ရာအနည်းအကျဥ်းရတဲ့လူ​​တွေလည်းရှိတယ်ဆို​ပေမယ့် အရမ်းကြီးဆိုးဆိုးရွားရွား​တော့မဟုတ်ကြပါဘူး" 

"ကျွန်​တော်မျိုးနားလည်ပါပြီ" 

'ဒဏ်ရာအနည်းအကျဥ်း' ဆိုသည့်စကားလုံး၌ Cale သည်အနည်းငယ်မျက်​မှောင်ကြုတ်သွားခဲ့သည်။ ထို့​နောက် သူ၏အကြည့်တို့သည်​တော်ဝင်မင်းသားအား​ကျော်ကာ Mage များနှင့် အလ်ကယ်မစ်များထံ​ရောက်မိသည်။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now