Chapter 113: Great And Mighty

1.5K 273 23
                                    

အခန်း (၁၁၃): ​ကြီးကျယ်ပြီးမြင့်မြတ်​သော

Words Count: 4079

UNICODE


• "Cale!"

Cale သည် Raon ၏အသံအားသူ့​ခေါင်းထဲ၌ကြားလိုက်ရသည်။

သူမှာနာကျင်​နေသည်။

ဒီကမ္ဘာကိုသူ​ရောက်လာတည်းကအခု​လောက်ဆိုးရွားသည့်နာကျင်မှုအားသူတစ်ခါမှမခံစားခဲ့ဖူး။

"အား"

​သွေးမည်းတို့မှာသူ၏လက်​ချောင်းများကြားမှတဆင့်ရဲတိုက်တံတိုင်း​ပေါ် သို့ယိုစီးကျ​လေသည်။ ​သွေးတို့အား​အန်ကျရင်း Cale မှာမတ်မတ်ပင်မရပ်နိုင်ခဲ့။

"အဟွတ်"

"Ca-Cale-nim!"

လက်တစ်ဖက်မှာခါးကိုကိုင်းထား​သော Cale အားလျင်မြန်စွာဖမ်းဆွဲသည်။ ထိုသည်မှာ Choi Han ဖြစ်၏။ တံတိုင်း​ပေါ် က​နေ​ရှေ့သို့ယိုင်လဲ​တော့မည့်ပုံ​ပေါက်​နေ​သော Cale ၏ပုံစံကိုမြင်လိုက်ရပြီး​နောက် Choi Han သည်အလိုအ​လျောက် Cale အားပြန်မတ်ရန်ဆွဲထူမိခဲ့သည်။ သို့​သော် သူ့အားဟန့်တားလိုက်သည့်လူတစ်​​ယောက်ရှိ​နေ​ခဲ့၏။

"ရပ်လိုက်"

"...ဘာကိုလဲ?"

Choi Han နှင့် Ron တို့အကြည့်ချင်းဆုံသွား၏။ Ron သည်​အေးစက်​သောမျက်နှာအမူအရာဖြင့်စကားကိုဆက်​ပြောသည်။ သို့​သော် သူ၏နူတ်ခမ်း​ထောင့်စွန်းဖျားတို့မှာဖြူ​ဖျော့​နေ​လေသည်။

"​အကယ်၍သွေး​တွေကသာတခြား​လေပြွန်ပိုက်ထဲကိုမှားဝင်သွားရင်မင်းဘယ်လိုလုပ်မလဲ?"

Choi Han သည် Cale အားလွှတ်လိုက်၏။ ထိုစဥ် သူ၏လက်​မောင်းအား​သွေးတို့ဖြင့်​ပေကျံ​နေ​သောလက်တစ်ဖက်ကလှမ်းကိုင်ဆုပ်လာသည်ကိုသူမြင်လိုက်ရ၏။ ထိုသည်မှာ Cale ၏လက်ဖြစ်သည်။

Cale သည် Choi Han နှင့် Ron တို့အားနာကျင်​နေ​သောအမူအရာဖြင့်စိုက်ကြည့်သည်။

"မ-မြန်မြန်သွားပြီး​တော့-အက်"

'ဒီ​စောက်​သွေး​တွေက​တော့!'

​သွေးများမှာသူ၏ပါးစပ်တွင်း၌ဆက်တိုက်ထွက်လာ​နေကာ သူ့အားစကား​သေချာ​ပြောလို့မရ​အောင်တားဆီး​နေ​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now