Chapter 188: A Small Goal (3)

642 108 1
                                    

အခန်း (၁၈၈): ရည်ရွယ်ချက်​လေးတစ်ခု (၃)

Words Count: 4264

UNICODE

အခု သူစိတ်အရမ်း​ပျော်​နေပြီဆို​တော့ စတင်ပြီးသူလှုပ်ရှားသင့်ပြီမဟုတ်ပါလား?

နှစ်သစ်ကိုကြိုဆိုသည့်အ​နေနှင့်​ဖေ​ဖော်ဝါရီလ၌ကျင်းပ​သောဤဗွီအိုင်ပီ​လေလံပွဲမှာ စုစု​ပေါင်းသုံးရက်ကြာမြင့်ပြီး ​ရွှေပင်ကြီး​လောင်းကစားရုံ​အ​ပေါ် ဆုံးထပ်၌ လျှို့ဝှက်စွာဖွင့်လှစ်သည်။

မည်သို့ပင်ဆို​စေကာမူ ထိုသည်မှာ 'လျှို့ဝှက်​လေလံပွဲ' ဟု​​သိပ်မ​ခေါ် နိုင် အ​ကြောင်းမူ ယင်း​လေလံပွဲကျင်းပသည့်ရက်နှင့် တက်​ရောက်​သောဧည့်သည်တို့၏စာရင်းအကုန်မှာအလွယ်​လေးသိရှိနိုင်၍ဖြစ်သည်။ ကျိန်း​သေ​ပေါက်ဆိုသလို ​လေလံပွဲ၌ပါဝင်သူများအားလုံးမှာ မျက်နှာဖုံးများဝတ်ဆင်ထားကြ​ပေမယ့် ဗီးဂတ်စ်မြို့​တော်၏ဧည့်သည်စာရင်း​ပေါ် အ​ခြေခံ၍ ထိုလူတို့၏သရုပ်မှန်အားသိနိုင်သည်။

ထိုသို့ကိစ္စမျိုးရှိ​နေတာ​တောင်မှဤပွဲအား 'လျှို့ဝှက်​လေလံပွဲ' ဟု​ခေါ် ​နေရခြင်းမှာ ​လေလံပွဲမစတင်မီအချိန်အထိ မည်သူတစ်ဦးတစ်​ယောက်မှ ​လေလံပစ္စည်းများကဘာဖြစ်မလဲဆိုသည်ကို မသိရှိနိုင်၍ဖြစ်သည်။

​ရွှေပင်ကြီး​လောင်းကစားရုံမှအကြီးအကဲများမှာ ​လေလံပစ်မည့်ပစ္စည်းများအ​ကြောင်းအား ဘယ်​​သောအခါမှ​ဆွေး​နွေး​ပြောဆိုခြင်းမပြုကြ။ အဘယ်​ကြောင့်ဆို​သော် သူတို့သည်နူတ်လုံရန်အတွက် ​သေဆုံးခြင်းနတ်ဘုရား၏ဘုန်း​တော်ကြီး​​ရှေ့​မှောက်တွင်အသက်ရင်းကျမ်းသစ္စာကိုခံယူထားလို့ပင်။

'ဒါ​ပေမယ့် ​ကောလဟာလ​တွေက​တော့အမြဲလိုလိုထွက်လာတာပါပဲ'

အကယ်၍ လျှို့ဝှက်​လေလံပွဲမကျင်းပမှီ ရှားပါးပစ္စည်းတစ်ခုများအ​နောက်တိုင်း​ဒေသကြီးထဲ၌ရှာ​ဖွေ​တွေ့ ရှိခဲ့ပြီး ဘယ်သူက၎င်းပစ္စည်းအားပိုင်ဆိုင်ထားသလဲဆိုသည်အား လူအများ​ဝေခွဲမရပါက အရင်ဆုံးသူတို့စဥ်းစားမည့်သည်မှာ ဤလျှို့ဝှက်​လေလံပွဲကိုပင်ဖြစ်၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now