Chapter 130: Not Scared

1.2K 248 5
                                    

အခန်း (၁၃၀): မ​ကြောက်​ပေါင်

Words Count: 4785

UNICODE

ကျိန်း​သေ​​ပေါက်ကိုကြိုးစားကြည့်ဖို့တန်​လောက်သည်။

Alberu ကြည့်ရသည်မှာအနည်းငယ်တက်ကြွ​နေဟန်ရှိသည်။

• "မင်း စိတ်ရူပ်ဖို့​ကောင်း​ပေမယ့်လည်းဒီလိုလူကိုလန်းဆန်း​သွား​စေမယ့်အရာမျိုးကို​ပြောတာဒါပထမဆုံးပဲ"

Cale က​ခေါင်းငြိမ့်ပြသည်။

"မှန်ပါတယ်...အရှင့်သားဆီကိုကျွန်​တော်က​ခေါင်းကိုက်စရာ​တွေပဲ​ပေးတာမဟုတ်ရပါဘူး"

ထုံးစံအတိုင်း Alberu သည်ဟွန့်ခနဲနှာမူတ်ကာ​လှောင်ရယ်ခဲ့သည်။ သူသည် Cale Henituse ကဲ့သို့​သော ပတ်ပတ်လည်၌အမြဲတမ်းမ​တော်တဆမှု​တွေဖြစ်​​ပေါ် နေသည့်လူမျိုးနှင့်သူတစ်ခါမှမ​တွေ့ ဖူးပါ။ Cale ​လောက်အဆင့်ဆိုရင်ထိုသည်မှာ​ရေစက်ဟုပင်သတ်မှတ်လို့​ရ​လောက်​သည်။

မည်သို့ပင်ဆို​စေကာမူ Alberu သည်သူ၏အ​တွေးအမြင်အားမမျှ​ဝေခဲ့။ အဲ့အစား သူသည် Cale နှင့်​ပြောဖို့လို​သောအ​ကြောင်းအရာတို့ကိုသာ​ပြောခဲ့သည်။

• "မင်းပို့လိုက်တဲ့အကျဥ်းသားကအခုငါ့အ​ဒေါ် ဆီမှာစစ်​မေးခံ​နေတယ်"

"(စစ်​မေးရ)အဆင်​ပြေ​ပြေရှိတယ်မလား အရှင့်သား?"

ဒါ​ပေါ့ Tasha မှာတကယ်တမ်းအကျဥ်းသားအားစစ်​မေး​နေခြင်းမဟုတ်ဘဲ နှိပ်စက်ညှင်းပန်း​နေတယ်ဆိုတာကိုသူသိတာ​ပေါ့။ သို့​သော်လည်း Cale သည်ထိုအချက်အားထောက်ပြမ​ပြောဆိုခဲ့ပါ​ပေ။

• "ငါ့အမြင်​ သိပ်မကြာခင်သတင်းအချို့ကိုသူထုတ်​ပြောလာ​တော့မယ်လို့ယူဆရတယ်...ငါ့အဒေါ် ကအကူအညီဖြစ်​အောင်လို့ကျွမ်းကျင်ပညာရှင်တစ်​ယောက်ကိုပါ​ခေါ် ထားတယ်​လေ"

အ​မှောင်ထုနတ်သူငယ်​တွေ​​ခေါ် ယူလာသည့်ကျွမ်းကျင်ပညာရှင်မှာမည်သူဖြစ်​လောက်မှန်း အနည်းငယ်သူရိပ်စားမိ​​သော်လည်း Cale သည်မသိချင်​ယောင်​ဆောင်ရင်း​ခေါင်းကို​ဖြေး​လေးစွာငြိမ့်ပြခဲ့သည်။ ထိုသို့ Cale ပြုမူ​နေချိန် Alberu သည်သူ၏အ​တွေးစဥ်တို့အားအစီစဥ်တကျဖြစ်ဖို့ရာအတွက်တစ်ကိုယ်တည်း​ရေရွတ်​ပြောဆို​နေလေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now