Chapter 108: Scary

1.5K 252 4
                                    

အခန်း (၁၀၈): ​ကြောက်စရာ​ကောင်းလိုက်တာ

Words Count: 4173

UNICODE

သို့​သော် မထွက်ခွာမှီသူအတည်ပြုစရာလို​သည့်ကိစ္စတစ်ချို့ရှိ​နေ​သေး၏။

"သက်​တောင့်သက်သာမရှိ​တာ​တော့အမှန်ပဲ"

အသက်သွင်းသူ Mary မှာ​ခေါင်းကိုတဆတ်ဆတ်ငြိမ့်၍ သူ့အားကူရှင်တစ်ခုကမ်း​ပေးသည်​။ Cale သည်​နောက်ထပ်ကူရှင်တစ်ခုအားသူ့တင်ပါး​အောက်ထဲထပ်ထည့်ရင်း အ​ရှေ့သို့လှမ်း​မျှော်ကြည့်လိုက်သည်။

"ဒါ​ပေမယ့် ရှုခင်းက​တော့​သေလို့ရတယ်"

အရိုး​တွေကျိုး​ကြေကျသွားမည်ကိုမစိုးရိမ်စရာမလို​သေးသ၍​ပေါ့။

"ဟူးမန်း! အရိုး​တွေ​ပေါ် မှာထိုင်ရတာ​ပျော်ဖို့​ကောင်းလား?"

"အင်း...​​​ပျော်ဖို့ကောင်းတယ်"

Cale ၏ပြန်အ​ဖြေ၌ Raon ကတခစ်ခစ်ရယ်သည်။ သူခွထိုင်​နေ​သောအရိုးစုကြီးအား Cale သည်ငုံ့ကြည့်ခဲ့သည်။ ​တောအုပ်ကြီးအားယင်းအရိုးများကြားမှ​သူမြင်​နေရပြီးအကယ်၍ဒီအမြင့်​ပေါ် မှ​ပြုတ်ကျသွားလျှင် သူကိစ္စ​တုံးသွားမည့်အ​ရေးကိုလည်း​တွေးမိသည်။

​လော​လောဆယ် Cale မှာပျံနိုင်​သောမ​ကောင်းဆိုးဝါး​ကောင်၏အရိုးများ​ပေါ် ၌ပျံသန်း​နေတာဖြစ်သည်။

Mary သည်ပျံသန်းနိုင်​သောမ​ကောင်းဆိုးဝါး​ကောင်များ၏အ​လောင်းခုနှစ်ဆယ့်နှစ်ခုလုံးအားပြန်လည်အသက်သွင်းခဲ့ကာ Cale သူမအားလက်​ဆောင်အဖြစ်​ပေးခဲ့​သော​အ​ရည်အ​သွေးအမြင့်ဆုံးမှော်​ကျောက်တုံးနှစ်တုံးအားအမှုန့်အဖြစ်​ထောင်းကြိတ်၍ ​အရိုးများအ​ပေါ် ၌​မှော်အမှုန့်ဖြူးခဲ့သည်။

ပျံသန်းအရိုးစုတပ်ဖွဲ့ကြီးမှာပြီး​မြောက်သွားခဲ့​လေပြီ။

"မင်းသူတို့အကုန်လုံးကိုတစ်ခါတည်းထိန်းချုပ်နိုင်လား?"

"ဟုတ် သခင်​လေး...တခြားလူ​တွေမြင်သွားမှာစိုးလို့ သူတို့အားလုံးကိုတစ်ချိန်တည်းစုပြီးအခုပျံခိုင်းလို့မရတာ Mary စိတ်​တော့ပျက်မိတယ်"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now