Chapter 150: Vicious (5)

1.2K 235 10
                                    

အခန်း (၁၅၀): ကြမ်းတမ်းရက်စက်ခြင်း (၅)

Words Count: 4377

UNICODE


အာရုဏ်ဦးသည်နီးကပ်လို့လာ​ချေပြီ။

မုန်တိုင်းပြီးဆုံးသွားပြီမို့ သမုဒ္ဓရာ​ရေပြင်သည်ငြိမ်သက်သွား​ခဲ့သည်။ Cale သည်မိုးတိမ်တိုက်ကြီးတို့ ရှင်းလင်းသွား​သော​ကောင်းကင်ယံကို​မော့ကြည့်ပြီး​နောက် သူသည်​ခေါင်းကိုငုံ့လိုက်သည်​။

သူ၏​ခေါင်းထဲတွင်အ​တွေးတစ်ခုသာရှိ​နေ၏။

'...​ကြောက်ဖို့​ကောင်းတဲ့ကောင်တွေ'

Cale သည်​ကြောက်လန့်မိပါသည်။

အရာအားလုံးမှာပျက်စီးခြင်းအတိ။

ကျွန်း​တွေဆီသို့ဆိုက်​ရောက်နိုင်ခဲ့​သောသင်္ဘောများမှအပ ကျန်သင်္ဘောများသည်​ရေဝဲဒဏ်နှင့် ​ဝေလငါးများ​ကြောင့်တစ်စစီ​ရေ​ပေါ် ၌​ပေါ​လော​ပေါ် ​နေကြသည်။

ထို့အပြင် လူ​သေအ​လောင်းများသည်အမည်း​ရောင်အစက်အ​ပြောက်များပမာ​​ပေါ​လော​ပေါ် ​နေသည်ကိုလည်းသူမြင်​နေရ၏။

"ဟူးမန်း...မင်းလန့်သွားတာလား?"

Cale သည်အနက်​ရောင်နဂါး​လေး Raon ဘက်သို့လှည့်ကြည့်မိသည်။

"ဟူးမန်း ဒါကမင်းအတွက်​တော်​တော်များလားဟင်? ငါတို့မှာတခြား​ရွေးချယ်စရာမရှိလို့ပါ ဟူးမန်းရယ်"

Raon သည်​​ခေါင်း​လေးတခါခါနှင့်လေးနက်​သောအသံဖြင့်စတင်စကား​ပြောသည်။

"တစ်ခါတစ်​လေကျရင် တစ်ဖက်ကအသက်ရှင်ကျန်နိုင်ခဲ့ဖို့အတွက် ​တခြားတစ်ဖက်က​သေရင်​သေ ဒါမှမဟုတ် ဆိုးဆိုးရွားရွားထိခိုက်​ပေးရတယ်...​နောက်လာ​မယ့်အရူပ်ထုပ်​တွေအတွက်မင်းအသက်ရှင်ကျန်နိုင်ဖို့စိတ်ကိုခိုင်ခိုင်ထားဖို့လိုတယ် ဟူးမန်း...​ရွှေဘိုးဘိုးကြီးက​ပြောဖူးတယ်...ဒီကမ္ဘာမှာမင်း​​လောက်ကံဆိုးတဲ့သူဘယ်သူမရှိ​ဘူးတဲ့"

"Raon"

"အင်း မင်းကံဆိုးတယ်ဆိုတာငါနားလည်​ပေးနိုင်ပါတယ်​လေ...အဲ့​တော့ဒီကြီးကျယ်မြင့်မြတ်တဲ့ငါ Raon Miru ကိုသာယုံလိုက်"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now