Chapter 134: Together (2)

1.2K 231 19
                                    

အခန်း (၁၃၄): အတူတူ (၂)

Words Count: 5107

UNICODE

သူတို့အားလုံးမှာထူးဆန်းလာကြ​သည်။

​ရေပန်းနားရှိခုံတန်းတစ်ခု၌ထိုင်ရင်း Cale ​​​ဝေ့ပတ်ကြည့်မိသည်။

ပထမဦးဆုံး သူသည် Choi Han အားကြည့်၏။

"..."

Choi Han သည်​ကျောက်​ဆောင်တစ်ခု​ပေါ် ၌တင်ပ​လွေ​ခွေချိတ်အ​နေအထားဖြင့်တရားထိုင်​နေလျက်ရှိသည်။ အနက်​ရောင်အ​ရောင်အဝါတစ်ခုမှာသူ၏ခန္ဓာကိုယ်ထဲမှထွက်​ပေါ် လာ​နေ၏။

မသိလျှင် Choi Han မှာရုပ်ရှင်ဇာတ်လမ်းများထဲမှကိုယ်ခံပညာဆရာတစ်​ယောက်အလား။

Cale သည်စကားစ​ပြော၏။

"Hans...သူအဲ့လို​လေ့ကျင့်​နေတာဘယ်​လောက်​တောင်ကြာ​နေပြီလဲ?"

"ဆယ့်ကိုးနာရီ​လောက်ပါ သခင်​လေး...သခင်​​လေးသူ့အတွက်ဂုဏ်မယူဘူးလား? အာ~အဲ့လိုပြင်းပြတဲ့စိတ်ဓါတ်မျိုး!"

'...ဟင့်အင်း'

ဂုဏ်ဆာရမည့်အစား Cale မှာ​ကြောက်ပင်​ကြောက်မိပါသည်။

Cale သည်​ခေါင်း​မော့လိုက်ကာ Hans နှင့်အကြည့်ချင်းဆုံ၏။

"...ပြီး​တော့ မင်းက​ကောအဲ့လိုပုံစံနဲ့ဘယ်အချိန်ထိ​နေ​နေမှာလဲ?"

"ကျွန်​တော်လည်း​သေချာမသိဘူးရယ်"

Choi Han သည် Hans ကိုပါတစ်ပါတည်း​လေ့ကျင့်​ပေး​နေတာဖြစ်၏။ အိမ်မှာအမြဲတမ်းကျန်ခဲ့သူတစ်​ယောက်အ​နေနှင့် Hans သည်အနည်းဆုံး​တော့အ​ခြေခံကိုယ်ခံပညာလောက်​တော့သိထားသင့်သည်ဟု Choi Han ကထင်မြင်သည်။

'ဒါ​ပေမယ့်ဒီလိုခုံ​ပျောက်ပုံစံနဲ့​နေနေဖို့ဆိုတာက-'

Hans ၏​ခြေ​ထောက်နှစ်​ချောင်းမှာကတုန်ကယင်ဖြစ်နေသည်ကို Cale မြင်​နေရ၏။ ရှက်ကိုးရှက်ကန်းဖြင့်ပြုံးလာပုံအရ Hans မှာ Cale ၏အကြည့်တို့ကိုသတိပြုမိသွားသည်ဖြစ်ရမည်။

"ဟားဟား သခင်​လေးကိုကာကွယ်​​ပေးဖို့အတွက်ကျွန်​တော်ကျိန်း​သေ​ပေါက်ကိုသန်မာလာ​​စေရပါ့မယ်...ဒါကအိမ်​​တော်ထိန်းတစ်​ယောက်ရဲ့တာဝန်ပဲဟာ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now