Chapter 104: Forgot About It

1.6K 265 6
                                    

အခန်း (၁၀၄): ​မေ့လိုက်ပါ​တော့

Words Count: 4242

UNICODE

"ဟူးမန်း မင်းက​ပျော်ပွဲရွှင်ပွဲဆီကိုပါမသွား​တော့ဘူးလား?"

Raon သည် Cale အားစိုက်ကြည့်၏။ On နှင့် Hong သည်လည်းပဲသူ့အားတူညီ​သောမျက်နှာထားမျိုးဖြင့်​မော့ကြည့်​နေ​လေ၏။ Cale သည်ပြုံးစိစိလုပ်​နေကြ​သောက​လေးသုံး​​ယောက်အုပ်စုအားလှည့်ပင်မကြည့်ဘဲ Ron နှင့်သာဆက်၍စကား​ပြောခဲ့သည်။

"​နောက်နှစ်ရက်​နေရင်ငါအိမ်ကိုပြန်မယ်"

"​ကောင်းပါပြီ သခင်​လေး...က​လေး​တွေကို​ပျော်ပွဲရွှင်ပွဲဆီ​ခေါ် သွားချင်ရင် သခင်​လေးမြန်မြန်​တော့သွားဖို့လိုမယ်​နော်"

"အပို​တွေ​လျှောက်ပြောမ​နေဘဲ သွားပြီးမစ္စ Rosalyn ကိုသာ​ခေါ် လာခဲ့"

"ဟုတ်ကဲ့ သခင်​လေး"

အခန်းထဲမှထွက်သွားသည့် Ron ၏မျက်နှာ​ပေါ် တွင်နူးညံ့ပြီး​စနောက်သလိုရှိသည့်အပြုံးတစ်ခုရှိ​နေ​​လေသည်။ Cale သည်ပြုံးရယ်​နေ​သောက​လေးအုပ်အားလျစ်လျူရှုလျက်အိပ်ယာ​ပေါ် မှထလိုက်သည်။

"ဟူးမန်း...မင်းအခုထွက်သွားဖို့ပြင်​နေတာလား?"

"ငါတို့ဒီ​​နေ့မသွား​သေးဘူး​လေ"

"​ကောင်းပြီ​! ငါတို့​တွေသွားကြ​တော့မယ်ဆိုတာကိုငါကျန်တဲ့လူ​တွေဆီသွားပြီးအသိ​ပေးလိုက်ဦးမယ်"

Raon ကပြတင်း​ပေါက်က​နေပျံထွက်သွား​တော့ On နှင့် Hong ကလည်းအ​နောက်က​နေခုန်​ပေါက်၍လိုက်ကြသည်။ က​လေးသုံး​​ယောက်မှာအလင်းမဲ့​တောအုပ်ဆီသို့ဦးတည်သွား​နေတာဖြစ်ပါသည်။ Cale က​တော့သူတို့​​ဘာ​တွေလုပ်​နေကြလဲဆိုသည်အားဂရုမစိုက်ခဲ့။

သိပ်မကြာ Rosalyn ​ရောက်ချလာပြီး Cale သည် Rosalyn အားအကျိုးအ​ကြောင်း​ပြောပြသည်။

သူသည် Breck တိုင်းပြည်မှမင်းသားတစ်ပါးက Alberu ဆီသူမအ​ကြောင်း​မေးမြန်းခဲ့​ကြောင်းနှင့် ထို့​နောက်သူတို့သည် သူ့အ​ကြောင်းပါ​မေးခဲ့​ကြောင်းအားအစချီ​ပြောခဲ့သည်။ သည့်​နောက် Alberu သည်ယင်းမင်းသားနှင့်အတူပြန်လာ​နေပြီဖြစ်​ကြောင်း Rosalyn အားသူ​ပြောပြသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now