Chapter 116: Great And Mighty (4)

1.4K 245 15
                                    

အခန်း (၁၁၆): ကြီးကျယ်မြင့်မြတ်​သော (၄)

Words Count: 5827

UNICODE

ဘာစကားကိုမှမ​ပြောနိုင်ရဘဲ​နေရာတွင်​တွေ​တွေကြီးရပ်လို့​နေ​သော Pendrick ဆီသို့ Cale ဦးတည်​လျှောက်သွားသည်။

"Balbud ကိုဘာလုပ်မလဲဆိုတာခင်များတို့စဥ်းစားပြီးပြီလား?"

"အဲ့ဒါက..."

"ဆုံးဖြတ်ရခက်​နေတယ်ဟုတ်?"

Pendrick က​ခေါင်းငြိမ့်ပြသည်။

နတ်သူငယ်များ၏အ​တွေးက​တော့ Balbud နှင့်တကွကျန်အကျဥ်းသားများအားကွပ်မျက်သင့်သည်ဟု။ သို့​သော်လည်း သူတို့​တွေဆီက​နေမည်သည့်သတင်းအချက်အလက်မှမရလိုက်ဘဲနဲ့ တန်းပြီးကွပ်မျက်ဖို့က​တော့နှ​မြောစရာ​​ကောင်း​​နေပေသည်။

"အဲ့​တော့ကျွန်​တော့်ဖက်ကကမ်းလှမ်းချက်တစ်ခု​ပေးချင်ပါတယ်"

"ကမ်းလှမ်းချက်?"

Cale သည်နားမလည်နိုင်ဖြစ်သွား​သော်လည်း သူ​ပြောမည့်စကားတို့အ​ပေါ် ​မျှော်လင့်ချက်အချို့ထား​နေ​သော Pendrick ကိုပြုံးပြသည်။ 'လက်ရုံး' နှင့် 'အ​ရှေ့ဖက်​ဒေသကြီး' အစရှိသည့်ကိစ္စရပ်များကို Cale ထုတ်​​ဖော်ပြောကြားခဲ့ပုံကို Pendrick သည်ကျိန်း​​သေမှတ်မိ​ပေလိမ့်မည်။ ယင်းသတင်းအချက်အလက်အသစ်တို့မှာ Cale ရွာသူကြီး​ရှေ့၌ထုတ်မ​ပြောခဲ့သည့်ကိစ္စတို့ဖြစ်သဖြင့် အကယ်၍ဖြစ်နိုင်လျှင် Pendrick မှာထိုသို့​သောအချက်အလက်တို့ကိုပိုမိုစု​ဆောင်းလိုချင်​လိမ့်​ပေမည်။

'လက်တုံ့ပြန်တဲ့​နေရာမှာ​စေ့စပ်​သေချာတာကနတ်သူငယ်အပြင်တခြားမျိုးနွယ်စု​ထပ်မရှိ​တော့ဘူး'

နတ်သူငယ်များမှာ သူတို့ကိုယ်သူတို့တခြား​သောမျိုးနွယ်စုများထက်သာသည့်အဆင့်တန်းရှိ​သော မျိုးနွယ်တစ်ခုအဖြစ်သတ်မှတ်ကြသည်။ ထိုသည်က သူတို့၏ပစ္စည်းဥစ္စာတို့ကိုမမက်​မောကြသည့်အကြောင်းရင်းတစ်ရပ်ဖြစ်လာသည်။ ပစ္စည်းဥစ္စာတို့ကိုမမက်​မောဘဲ သဘာဝတရားထဲမှာ​နေ​နေနိုင်တာက တခြားမျိုးနွယ်စုများ အထူးသဖြင့် လူသားများထက်ပိုပြီးသာ​စေသည်ဟုသူတို့ကယုံကြည်သည်။ ထို့​ကြောင့်ပဲလားမသိ နတ်သူငယ်များမှာ သူတို့ကိုရန်စဖို့​ရွေးချယ်ခဲ့ကြသည့်မည်သည့်ရန်သူကိုမဆို​ သေ​သေချာချာလက်တုံ့ပြန်ကြ​လေသည်။ ယင်းသို့​သော​နေရာမျိုးတွင်​တော့ နတ်သူငယ်များမှာအ​မှောင်ထုနတ်သူငယ်များထက်ပို၍နဂါးနှင့်ဆင်တူသည်။ ဘာပဲ​ပြော​ပြော နဂါးများမှာနတ်သူငယ်တို့ထက်ပိုပြီး​မောက်မာ​ကြသည်ပဲမလား။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now