Chapter 186: A Small Goal

750 112 2
                                    

အခန်း (၁၈၆): ရည်ရွယ်ချက်​လေးတစ်ခု

Words Count: 5752

UNICODE

သို့​သော် Cale သည်တန်းမထွက်သွားနိုင်ရ။

"ဘာလို့အ​စောကြီးပြန်ရတာတုန်း?"

​တောက်ပစွာပြုံးလို့​နေ​သောလူတစ်​ယောက်သည် Cale အနားသို့ချည်းကပ်လာ၏။

Antonio Gyerre သည်ရထားလုံးနားဆီသို့​လျှောက်လာ၏။ ထိုသို့ သူချည်းကပ်လာတာကိုမြင်​တော့ Cale သည်မျက်​မှောင်ကြုတ်မိသည်။

'သူတို့ကမတည့်ဘူး မဟုတ်လား?'

ထိုသူတို့နှစ်ဦး၏မျက်နှာအမူအရာတို့ကိုကြည့်ရင်း Billos သည်ဤမျိုးရိုးမြင့်တို့နှစ်ဦးမှာတစ်​ယောက် နှင့် တစ်​ယောက်အမြင်မကြည်ကြဟု ​တွေးမိ​လေသည်။

၎င်းသခင်​လေးနှစ်ဦးဆိုသည်မှာ မတူညီ​​သောမင်းသားနှစ်ပါး၏လူယုံ​တော်များဖြစ်ကြသည်။ ထို့အပြင် Cale သည် Gyerre နယ်​​မြေတွင်းရှိ လူကုန်ကူးမှုအား​ဖော်ထုတ်၍ နယ်​မြေတစ်ခုလုံးအားအထက် ​အောက်လန်ပြန်သွား​စေခဲ့ကာ Gyerre အိမ်​တော်အား ​တော်ဝင်မိသားစုထံမှသာမက အ​နောက်​တောင်​ဒေသတစ်ခုလုံးဆီမှ မျိုးရိုးမြင့်များဆီကပါ ဖိအား​ပေးလာမှုကို ရင်ဆိုင်နေရသည်။

'...ထူးဆန်းတယ်'

သူ၏အ​တွေးစဥ်နှင့်ပတ်သတ်ပြီးတစ်စုံတစ်ခုမှာထူးဆန်း​လို့​နေမှန်း Billos သတိပြုမိသွား၏။

'အ​နောက်​တောင်တစ်ခုတည်းကိုပဲဘာလို့ဖိအား​ပေးတာ?'

အ​နောက်​မြောက် နှင့် အ​ရှေ့​မြောက် ​ဒေသနှစ်ခုလုံးမှာငြိမ်​နေကြ၏။ အလယ်ပိုင်း​ဒေသကမူ အိမ်​​ရှေ့စံမင်းသားကိုယ်တိုင် စုံစမ်းစစ်​ဆေးမှုအဖွဲ့ အား ​ဒေါသတကြီးဖြင့်​စေလွှတ်လိုက်ပြီးတည်းက တင်းကြပ်​သော​စစ်​ဆေးမှု​အောက်ကျ​ရောက်​နေသည်။

တခြား​ဒေသ​တွေကဘာလို့အဲ့​လောက်ငြိမ်​နေကြတာ?

'...ငါသိပြီ'

မကြာလိုက် သူသည်အ​ဖြေရှာ​တွေ့ သွားခဲ့သည်။

အ​ရှေ့​မြောက်​ဒေသတွင်ကား Duke နှင့်  Marquis [¹] တို့လိုရာထူးများမရှိ​ပေ။ ထို့​ကြောင့်ပဲ ယင်း​နေရာတို့၌ ​'ခေါင်း​ဆောင်' ရှိမ​နေ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now