Chapter 171: Perhaps (6)

732 149 5
                                    

အခန်း (၁၇၁): မဟုတ်မှလွဲ​ရော (၆)

Words Count: 4968

UNICODE

Cale သည်ဒင်္ဂါးပြားနှင့်​ရွှေတို့အားလက်ထဲ၌ကိုင်လျက်နတ်သူငယ်ဘုန်း​တော်ကြီးအားအကဲခတ်​မိသည်။ 

ဒီအထိ​ပြေးလာခဲ့​သောနတ်သူငယ်မ​လေးသည်စိတ်သက်သာရာရစွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်ပြီး​သော် သူ့မှာတုန်တက်သွားခဲ့​ရ​လေသည်။ သူမသည်​နောက်ဆုံး​တော့ Cale ​ဘေးနားမှာထိုင်​နေ​သောအနက်​ရောင်နဂါးအား​​တွေ့ သွားသည်။ 

"ဟ!" 

သူတို့အကုန်လုံးသူမ၏ပင့်ရိူက်သံအားကြားလိုက်ရသည်။ 

အနှီဘုန်း​တော်ကြီးအ​ပေါ် သူ၏အထင်အမြင်အား​ပြောကြားရန်အတွက် Raon သည် Cale ​ခေါင်းထဲသို့စကားလာ​ပြော​၏။ 

• "သူ့ကိုကြည့်ရတာသ​ဘော​ကောင်းတဲ့နတ်သူငယ်နဲ့တူတယ်​နော်" 

ထို့​နောက်သူသည် Cale လက်ထဲရှိဒင်္ဂါးပြားထုပ်ကြီးအားတစ်ချက်​ခိုးကြည့်​သည်။ တစ်ဖက်တွင်မူ ဘုန်း​တော်ကြီးသည် Raon အားဦးညွတ်​၏။ 

"နဂါးမင်းကြီးနဲ့အခုလို​တွေ့ ဆုံရတာကျွန်​တော်မျိုးမအလွန်ကိုဝမ်းသာဂုဏ်ယူမိပါတယ်! ကျွန်မနာမည်က​တော့ Adite ပါ...ဒီအဆုံးသတ်ရွာရဲ့လောကသစ်ပင်ကြီးကို​စောင့်​ရှောက်ပါတယ်" 

"အို" 

Cale သည်တိုးတိတ်​သောပင့်ရိူက်သံတစ်ခုအားပြုမိသည်။ 

နတ်သူငယ်တစ်​ယောက်နဂါးတစ်​ကောင်အနား၌တည်တည်ငြိမ်ငြိမ်​ရှိ​နေသည်အားသူတစ်ခါမှမကြုံဖူး။ တစ်ချိန်တည်းမှာပဲ သူသည် Eruhaben ​ပြောခဲ့သည့်စကားအားသွားအမှတ်ရမိသည်။ 

'ကျန်တဲ့တခြားနတ်သူငယ်​တွေနားမလည်ဘူးဆိုရင် ​လောကသစ်ပင်ကြီးကိုတာဝန်ယူ​ပေးရတဲ့နတ်သူငယ်နဲ့စကား​ပြောချည့်...အဲ့ဒါဆို အကုန်အဆင်​ပြေသွားလိမ့်မယ်' 

ဤ 'နားမလည်ရင်' ဆိုသည့်အပိုင်းမှာ အကယ်၍ နတ်သူငယ်တို့ နဂါးအား​ ငေး​မောရှုစားရင်းအလုပ်များ​နေကြသဖြင့် ဘယ်သူဘာ​ပြော​​ပြောနားမဝင် နားမလည်ဖြစ်ခဲ့လျှင် ဟုဆိုလိုသည်။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now