Chapter 110: Scary (3)

1.2K 250 20
                                    

အခန်း (၁၁၀):
ကြောက်စရာ​ကောင်းလိုက်တာ (၃)

Words Count: 3787

UNICODE


- "မင်းလိုလူမျိုး​ပေါ် လာလိမ့်မယ်လို့ငါလုံးဝမ​ထင်ထားဘူး!"

'အဖျက်မီးလျှံ' ၏ပိုင်ရှင်အသံအား Cale ကြား​နေရသည်။ သူ၏အသံမှာစိတ်မမှန်သည့်လူတစ်​ယောက်အားမြင်လိုက်ရသကဲ့သို့ရှိသည်။

ကလန် ကလန် ကလန်။

​ငွေဒင်္ဂါးပြားများမှာဆီးနှင်းများကဲ့သို့တဖွဲဖွဲဆက်ကျ​နေဆဲ။

'အာ ဒါကသိပ်​ပျော်ဖို့​ကောင်းတာပဲ'

တခြားလူတစ်​ယောက်၏ပိုက်ဆံဖြစ်​နေသည့်အတွက်ပို၍ပင်​​ပျော်ဖို့​ကောင်း​ပါ​သေးသည်။ အခုလိုအခွင့်အ​ရေးမျိုးအား​နောက်တစ်ကြိမ်သူဘယ်အခါမှရမှာမည်နည်း?

"ဟုတ်တယ် အကုန်ပစ်ချလိုက်ရ​အောင်!"

Cale သည်​လက်တစ်ဆုပ်စာငွေဒင်္ဂါးပြားများအား​ရွှေဝက်ရုပ်ကြီးဆီသို့ကျဲချပစ်သည်။

"ဒါ-ဒါမဖြစ်နိုင်တာ! ငါဘယ်လိုခံစားရမလဲ​တောင်မသိ​တော့ဘူး! ဒီလိုငါခံစားသင့်တာမဟုတ်ဘူးဆို​ပေမယ့် ပိုက်ဆံ​တွေကိုကျဲချတာကိုကြည့်ရတာသိပ်​ ပျော်ဖို့​ကောင်းတာပဲ!"

ငါးနှစ်သားအရွယ် Raon ၏စိတ်အ​ခြေအ​နေမှာ​ဗြောင်းဆန်​နေ​လေသည်။ ထိုအချင်းအရာအား Cale သည်လျစ်လျူရှုလိုက်ကာ​ချော်ရည်ထဲတွင်​ပေါ​လော​ပေါ် ​နေပြီးသူ့အတွက်​ငွေလမ်းခင်း​ပေး​နေ​သော​ငွေဒင်္ဂါးပြားများကိုသာစိုက်ကြည့်မိခဲ့သည်။

ဤ 'အဖျက်မီးလျှံ' မှာအမှန်တကယ်​တော့မီး သို့မဟုတ် ​ချော်ရည်ဟူ၍​ခေါ် ​ဝေါ် လို့မရ။ သူ၏မီးပုံစံမှာအရည်နှင့်ဆင်တူ​သောအ​ခြေအ​နေတွင်ရှိ​နေ​သော​ကြောင့် ယင်းမှာ 'အရည်မီး​တောက်' နှင့်ပို၍တူသည်။

< လက်ဆယ်​ချောင်း​တောင်၏တတိယ​မြောက်​တောင်ထိပ်တွင်​ပေါ် ထွက်လာခဲ့​သောဤ 'အဖျက်မီးလျှံ' မှာ​တောင်ကြီးတစ်ခုလုံးကိုဖျက်စီးပစ်ပြီးတာ​တောင် ငြိမ်းမကျသွားခဲ့​။ မီးဒြပ်စင်ရှိ​သောနတ်သူငယ်တစ်​ယောက်က၎င်း​ရှေး​ဟောင်းစွမ်းအင်ကိုယူလိုက်သည့်အချိန်အထိမည်သူတစ်ဦးတစ်​ယောက်မှဘာမှမတတ်နိုင်ခဲ့​ပေ။ >

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now