Chapter 156: Rolling In By The Vine (3)

1K 189 8
                                    

အခန်း (၁၅၆): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၃)

Words Count: 3870

UNICODE

'​နေမင်းတရားစီရင်ချက်ဆိုတာကတကယ်ရှိတာလား?'

ထိုသည်မှာအရူး​ဘုန်း​တော်ကြီး Cage ၏တုံ့ပြန်ချက်ပင်။ သူမကိုကြည့်ရသည်မှာထိတ်လန့်သွားဟန်။

ထိုသည်က Cale အားတစ်ခုသတိပြုမိသွား​စေသည်။

'အဲ့ဒါကသာမန်ပစ္စည်းမဟုတ်ဘူးပဲ'

Cale ဘာ​​တွေစဥ်းစား​နေလဲဆိုသည်ကိုသိ​နေသကဲ့သို့ Jack သည်စတင်စကား​ပြော​လေသည်။

'အဲ့ဒါကနတ်ဘုရားရဲ့ပစ္စည်းပါ'

နတ်ဘုရား​၏ပစ္စည်း။

နတ်ဘုရားမှချီးမြှင့်လိုက်​သောလက်​ဆောင်ပစ္စည်း။

​လေရူး​ခေါ် သံ​ရှေး​ဟောင်းစွမ်းအင်၏ပိုင်ရှင်​​ဟောင်းဖြစ်​သောငတက်ပြားမ​လေးသည် နတ်ဘုရား၏ပစ္စည်းနှင့်အတူထွက်​ပြေးရင်း​သေဆုံးသွားခဲ့ရတာဖြစ်သည်။

ထိုမျှပင်ယင်းပစ္စည်းတို့သည်အဖိုးတန်၏။ လျှို့ဝှက်အဖွဲ့ အစည်းလက်ရုံးက အင်အား​တောင့်တင်းလှ​သောဝံပု​လွေပြာမျိုးနွယ်စုအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အ​ကြောင်းရင်းမှာ သူတို့၌နတ်ဘုရား၏ပစ္စည်းရှိ​နေ၍ဖြစ်သည်။

ထို့​ကြောင့်ပဲ Cale သည်စိတ်လှုပ်ရှားလာရကာ​မေးမြန်းသည်။

'အဲ့ဒီ '​နေမင်း၏တရားစီရင်ချက်' ဆိုတာကဘယ်မှာရှိတာလဲ? ကျွန်​တော်ယူလာခဲ့​ပေးမယ်​​လေ'

သို့​သော် Jack သည်ခါးသက်​သောမျက်နှာအမူအရာဖြင့်​ခေါင်းကိုတွင်တွင်ရမ်းသည်။

'ကျွန်​တော်မသိပါဘူး'

ပုပ်ရဟန်းမင်းကြီးထံမှသူ​တော်စင်တို့၏ကျင့်ကြံနည်းများအားသင်ယူ​နေစဥ်အချိန်အတွင်းမှာမှ နတ်ဘုရား၏ပစ္စည်းတို့တည်ရှိ​မှုအားသူကြားရုံသာကြားခဲ့ဖူး​လေသည်။ ထိုသည်​နောက် Jack ၏ 'နတ်ဘုရားရဲ့ပစ္စည်းဆိုတာတကယ်ရှိတာလား?' ဆိုသည့်အ​မေး၌ပုပ်ရဟန်းမင်းကြီးပြန်လည်​ဖြေကြားခဲ့သည်က 'နတ်ဘုရားအ​ဆောင်ဆိုတာလား? အဲ့လိုအရာမျိုးကလက်​တွေ့ မှာတကယ်မရှိဘူး' ဟူ၍။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now