Chapter 170: Perhaps (5)

793 168 1
                                    

အခန်း (၁၇၀): မဟုတ်မှလွဲ​ရော (၅)

Words Count: 4562

UNICODE

Cale သည်သူ၏လက်သီးအားကျစ်ကျစ်ပါ​အောင်ဆုပ်လိုက်သည်။

[ တ​ဖျောက်​ဖျောက်မြည်သံ ]

သူ၏လက်ဖဝါး​ပေါ် မှလျှပ်စီးအားသူခံစား​နေရမိသည်။

"ဟူးမန်း...မင်းဘာလို့မိုးကြိုးသွားကိုသုံးဖို့လုပ်​နေတာလဲ? မင်းလိုချင်ရင်ငါဘာမဆိုဖျက်စီး​ပေးလို့ရတယ်! မင်း​ပြောသာ​ပြောလိုက်!"

"ငါသုံး​နေတာမဟုတ်ဘူး"

Cale သည် Raon ၏မျက်နာအားအသာတွန်းဖယ်ကာစတင်လမ်း​လျှောက်လိုက်သည်။ သူသည် သူ၏ဖိနပ်အောက်မှအနည်းငယ်​ချော​သော​ရေခဲပြင်အားခံစား​​နေရ၏။

တစ်ချိန်တည်းမှာပဲ လေ​ပြေနွေး​နွေးတစ်ခုသည်တိုကင်ဆီမှထွက်​ပေါ် လာ​နေ​သောအပြာ​ရောင်အလင်း​ရောင်နောက်လိုက်ကာ သူ၏မျက်နှာအားရှပ်ဖြတ်တိုက်ခတ်သွား၏။

"တစ်ခုခုများဖြစ်လို့လား?"

အလျင်စလိုသူ့​ဘေးသို့​ရောက်လာ​သော Choi Han အား Cale သည်လက်​ဝေ့ရမ်းပြလိုက်သည်။

"ဘာမှမဖြစ်ဘူး"

"ဟုတ်ကဲ့"

Choi Han သည်ထိုသို့ပြန်အ​ဖြေ​ပေး၍ Cale ​နောက်မှ​နေလိုက်​လျှောက်သည်။

"ကျွန်​တော်တို့​တွေလမ်းထပ်​လျှောက်ရဦးမှာလား?"

Paseton ၏သတိကြီးကြီးဖြင့်​မေးလာ​သော​မေးခွန်းအား Cale ကပြန်​ဖြေ​ပေးသည်။

"​နောက်ထပ်နည်းနည်း​ထပ်​​လျှောက်ဖို့လို​သေးတယ်"

ဝင်​ပေါက်မှာ​ရေကန်နှင့်အနည်းငယ်အလှမ်း​​ဝေးသော​နေရာ၌ရှိသည်ဟု Eruhaben ကသူ့အား​ပြောခဲ့သည်။

Rosalyn သည်ပွင့်ဟလာခဲ့​သောလမ်း​ကြောင်းအားစူးစမ်းလိုစိတ်ဖြင့်​လျှောက်ပတ်ကြည့်​လေသည်။ ​ဖောက်ထွင်းမြင်​နေ​ရ​သောဤလမ်း​ကြောင်းအပြင်ဘက်၌အရှိန်အဟုန်ပြင်းစွာတိုက်ခတ်​နေ​သေး​​သော နှင်းမုန်တိုင်းကြီးအားသူမ8တွေ့မြင်​နေရသည်။ ဒါ​ပေါ့ Hong ကမူအပြင်ဘက်ရှိနှင်းမုန်တိုင်းကြီးကိုကြည့်ရင်းတံ​တွေးတို့အားမြိုချ​နေ​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now