Chapter 160: Rolling In By The Vine (7)

1.2K 214 9
                                    

အခန်း (၁၆၀): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၇)

Words Count: 5096

UNICODE

သူရိယနန်း​တော်။

ထိုသို့အမည်​ပေးခဲ့ခြင်းမှာ နန်းတော်ကြီးတစ်ခုလုံးသည်​တောက်ပ​သောသူရိယ​နေမင်း၏အလင်း​​ရောင်ကဲ့သို့လင်းလက်​နေခြင်း​ကြောင့်ပင်။

နန်း​ဆောင်တွင်းရှိကပွဲ​ဟောခန်းမ ပထမထပ်​ထောင့်တစ်​နေရာတွင်ဖြစ်သည်။

Cale သည်အချိုပွဲ​ပေါင်းစုံတို့တည်ခင်းထား​သောစားပွဲနား၌မတ်တပ်ရပ်လို့​နေသည်။

• "ဟူးမန်း! ဒီကမုန့်​တွေအကုန်လုံးကအရသာရှိတာကြီးပဲ! ငါတို့ရဲ့မိသားစုဝင်​တွေလည်းဒီမှာရှိရင်သိပ်​ကောင်းမှာပဲ​နော်!"

[ စား​သောက်သံ ]

Raon တစ်​ယောက်စားလို့ ​သောက်လို့​နေ​သောအသံမှာ Cale ​ခေါင်းထဲ၌ပဲ့တင်ထပ်​နေ၏။

• "​ရွှေဘိုးဘိုးကြီးလိုက်လာရင်လည်းသိပ်​ကောင်းမှာပဲ!"

စိတ်မ​ကောင်းစွာဖြင့် Cale သည်သူနှင့်အတူ Choi Han ​ရော Eruhaben ပါမ​ခေါ် ​ဆောင်လာနိုင်ခဲ့​။ Eruhaben သည်ပင်ပန်းသည်ဟု​ပြောကာအနားယူကျန်ခဲ့သည်။

'Choi Han ကကျ​တော့အင်ပိုင်ယာရဲ့မာစတာအဆင့်ဓါး​ရေးဆရာ​ကြောင့်လိုက်လာလို့မရတာ'

Cale ၏အကြည့်တို့သည်တစ်စုံတစ်​ယောက်​ပေါ် သို့ကျ​ရောက်သွား၏။

သူ၏အကြည့်တို့သည်ကပွဲခန်းမအလယ်၌​တော်ဝင်မင်းသား Adin နှင့်စကားစမြည်​ပြောလို့​နေ​သောသက်လတ်ပိုင်းအမျိုးသားတစ်ဦးဆီသို့။

သူရိယရဲမက်တစ်ဦးအဖြစ်​ကျော်ကြား​သောထိုအမျိုးသားသည် အင်ပိုင်ယာဓါး​ရေးအတတ်၌ထိပ်တန်းဖြစ်​လေသည်။

Huten (ဟူတန်) ။

သူသည် ခန့်မှန်း​ချေ လွန်ခဲ့သည့်ဆယ်နှစ်​ကျော်​လောက်၌မာစတာအဆင့်သို့​ရောက်ရှိခဲ့ကာ အသွင်အပြင်ပုံပန်းမှာသက်လတ်ပိုင်းအရွယ်​ပုံပေါက်​နေ​သော်လည်းပဲ Huten သည်တကယ်တမ်းကျအသက်​ခြောက်ဆယ်​နှောင်းပိုင်းတွင်ရှိ​နေ​သောလူတစ်​ယောက်ဖြစ်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now