Chapter 148: Vicious (3)

1K 204 6
                                    

အခန်း (၁၄၈): ကြမ်းတမ်းရက်စက်ခြင်း (၃)

Words Count: 4557

UNICODE


​နောက်ငါးရက်အကြာ။

Cale သည်​နေဝင်ချိန်အား​ငေး​မျှော်ကြည့်ရင်းစကားစ​ပြောလာသည်။

"​ဆောင်းတွင်း ပင်လယ်ကြီးက​အေးလိုက်တာ"

"ဟူးမန်း မင်း​အေး​နေပြန်ပြီလား? ငါအပူချိန်ညှိ​မှော်အတတ်ထပ်သုံး​ပေးရမလား?"

"...ရတယ် ငါဒီတိုင်းပဲစကားအဖြစ်​ပြောတာ"

အရိုးသားဆုံး​ပြောရလျှင် Cale သည်လုံးဝကိုအေး​မနေပါ။ ​လေတို့မှာပြင်းထန်စွာတိုက်ခတ်​နေ​သော​ကြောင့်သာ သူဒီတိုင်း​စကားအဖြစ်​ပြောလိုက်ခြင်း​ဖြစ်​လေသည်။ Cale သည်​နေဝင်ချိန်အားကြည့်ရင်း လွမ်းသလို​ဆွေးသလိုခံစားလာခဲ့ရသည်။ သူသည်စကားစတင်​ပြောသည်။

"​နောက်ဆုံး​တော့ သူတို့​တွေ​ရောက်လာကြပြီပဲ"

Cale ၏မှတ်ချက်၌ Choi Han ၊ Rosalyn ၊ Raon ၊ Gashan နှင့် Humpback ​ဝေလငါးငယ်အသွင်​ပြောင်းထား​သော Paseton တို့သည်ဝင်ရိုးစွန်းအလွန်အားလှည့်ကြည့်ခဲ့သည်။

သူတို့သည် အစက်အ​ပြောက်​သေး​သေး​လေးအချို့အားမြင်​​တွေ့ ခဲ့ရသည်။ ထိုအစက်အ​ပြောက်တို့မှာ သူတို့ဆီသို့ဦးတည်လာ​နေ​​သောဆယ်စင်းမကသည့်သင်္ဘောတို့ဖြစ်​ချေသည်။

Humpback ​ဝေလငါး Paseton သည် Cale ရပ်​နေ​သော​ကျောက်​ဆောင်အနားသို့ချည်းကပ်လာကာ စကားစ​ပြော၏။

"သခင်​လေး Cale-nim ကျွန်​တော့်အစ်မကသူတို့​တွေအဆင်သင့်ဖြစ်​​နေပြီဆိုတဲ့အ​ကြောင်း ကျွန်​တော့်ကို​​ပြောခိုင်းလိုက်ပါတယ်"

အခု ဝေလမျိုးနွယ်စုနှင့် ​ဝေလငါးများစွာတို့သည် သမုဒ္ဓရာ​ရေ​အောက်ထဲ၌လှုပ်ရှားမှုပြုရန်အသင့်​စောင့်​​နေကြ​သည်။

Cale သည်စကားစ​ပြော၏။

"Gashan"

"​ပြင်ဆင်လို့ရပါပြီ"

မှိတ်သုန်ထား​သောနတ်ဆရာ၏မျက်လုံးအစုံမှာ ပွင့်ဟလာခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now