Chapter 127: Really A Good Person (2)

1.2K 240 5
                                    

အခန်း (၁၂၇): တကယ်စိတ်သ​ဘောထား​ကောင်းတဲ့သူ (၂)

Words Count: 5657

UNICODE

Cale သည်အခုလက်ရှိသူတို့အ​ခြေအ​နေနှင့်တကွဘာ​ကြောင့် Litana ရဲ့နာမည်ကသူ​တော်စင်​လေးဆီက​နေထွက်လာရတာလဲအပြင် သူတို့​တွေအတွက်လည်းအဆိပ်ဖြစ်​စေတာ​တောင် အဘယ်​ကြောင့်အင်ပိုင်ယာက Mana ​သေအားလက်နက်အဖြစ်အသုံးပြု​နေရတာလဲဆိုသည့်အ​ကြောင်းအရာအားလုံးအားသူထပ်မံသိရှိဖို့လိုအပ်သည်။

"...အစ်ကို"

ဓါး​ရေးကျွမ်းကျင်သူ Hannah သည်သူ​တော်စင်အားအိပ်ချင်မူးတူးဖြစ်စွာလှမ်း​ခေါ် သည်။ သို့​သော် Hannah ​၏အကြည့်တို့မှာမူ Cale ၊Choi Han နှင့် Ron တို့အ​ပေါ် သို့ကျ​ရောက်​နေ၏။

Cale သည်လည်းပဲ Hannah ၏အ​ခြေအ​နေအားအကဲခတ်နေတာဖြစ်သည်။

'သူက Mana ​သေဆိပ်သင့်တာရဲ့ပထမအဆင့်ကို​ရောက်​နေတာပဲ'

သူမခန္ဓာကိုယ်​ပေါ် ရှိဒဏ်ရာများမှာအမည်း​ရောင်များဖြစ်လို့​နေသည်ကိုသူ​တွေ့ ​နေရသည်။

သူမထိ​တွေ့ မိခဲ့သည့် Mana ​သေဗုံးမှာအရည်ပုံသဏ္ဍာန်ရှိသည့်ပုံပင်။ ထိုအရည်များသူမ၏ဒဏ်ရာပေါ် သို့ထိစင်သွားရာက​နေသူမအဆိပ်သင့်သွားတာဖြစ်ရမည်။

'မာစတာအဆင့်ဓါး​ရေးကျွမ်းကျင်သူမို့သာ သူဒီအချိန်ထိအသက်ရှင်​နေနိုင်တာ'

ဓါး​ရေးကျွမ်းကျင်သူများမှာခွန်အားတို့​ကောင်းမွန်ကြ​လေသည်။ Mana ​သေများသူမ၏ခန္ဓာကိုယ်အတွင်းမပြန့်နှံ့သွား​အောင်သူမ၏အ​ရောင်အဝါကတားဆီး​ပေး​နေခဲ့တာဖြစ်​လောက်သည်။

သို့​သော်လည်း ယင်းဓါး​ရေးကျွမ်းကျင်သူမှာအခုလက်ရှိတွင်အားအင်ချိနဲ့လို့​နေ​ချေသည်။

အလိုအ​လျောက်ဆိုသလို Cale သည်နူးညံ့ညှင်သာ​သောအပြုံးတစ်ခုအားသူ၏မျက်နှာ​ပေါ် တွင်ဆင်မြန်းလိုက်သည်။ ထိုသည်ကမိန်းက​လေးငယ်အားသတိတကြီးဖြစ်သွား​စေခဲ့သည်။

"...အဲ့လူ​တွေကဘယ်သူ​တွေလဲ?"

အ​စောနကမှသတိပြန်လည်လာတာဖြစ်​သော်လည်း သူမကိုကြည့်ရသည်မှာစကား​ပြောဆိုရာ၌အခက်​အခဲဖြစ်​နေပုံ​ပေါ် သည်။ သူမ၏တစ်ကိုယ်လုံးမှာ​ချွေးတို့ဖြင့်ရွဲနစ်​နေသည့်အပြင် စကား​ပြောရုံ​လေး​သာပြောနိုင်​သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now