Chapter 128: Really A Good Person (3)

1.1K 234 9
                                    

အခန်း (၁၂၈): တကယ်စိတ်သ​ဘောထား​ကောင်းတဲ့သူ (၃)

Words Count: 4235

UNICODE

"​သွေးရူး​ကောင် Mage? အဲ့ဒါကဘယ်သူလဲ?"

Cale ၏စကားကိုပထမဦးဆုံးတုံ့ပြန်လာသူမှာဘုရင်မ Litana ဖြစ်​လေသည်။ သူမပြီး​နောက်သူ​တော်စင်​လေးမှာလည်းမှတ်ချက်​ပေးလာသည်။

"​ကြောက်စရာ​ကောင်းတဲ့နာမည်ပါလား...​သွေး​နောက်ကိုလိုက်တဲ့ Mage အရူး​ကောင်တဲ့? ဒါနဲ့ Hannah နင်​​နောက်ထပ်​ဆေးရည်ပုလင်းလို​သေးလား? နင့်ကြည့်ရတာဖြူ​ဖျော့​နေတာပဲ"

ဓါး​ရေးကျွမ်းကျင်သူ Hannah မှာလုံးဝကိုဖြူ​ဖျော့​သွား၏။ သူမသည်ပါးစပ်ကိုတင်းတင်း​စေ့ထား​သော်လည်း သူ၏နူတ်ခမ်း​ထောင့်စွန်းတို့မှာတုန်လှုပ်​နေခဲ့သည်။

Cale သည်​အေး​အေးလူလူပင်သူ​တော်စင်​လေးအား​လက်ကိုင်ပုဝါအသစ်တစ်ထည်ကမ်း​ပေးသည်။

"မစ္စ Hannah ရဲ့​ချွေး​တွေကိုသုတ်​​ပေးဖို့လိုမယ်ထင်...ကြည့်ပါဦး သူ့နဖူး​ပေါ် မှာ​​ချွေး​တွေကြီးပဲ"

Litana နှင့်အကြည့်ချင်းမဆုံလိုက်ခင် Cale သည်ထိုသို့​နွေး​ထွေးစွာ​ပြောကြားခဲ့​လေသည်။ Hannah သည်တဆတ်ဆတ်တုန်လာ​သောသူမ၏လက်နှစ်ဖက်အားသူမ​ကျော​နောက်၌ဝှက်ခဲ့ကာ မသိချင်​ယောင်​ဆောင်​သည်။

"​သွေးရူး​ကောင် Mage အဖြစ်နဲ့​ကျော်ကြားတဲ့လူတစ်​ယောက်ရှိခဲ့ဖူးပါတယ်...ကျွန်​တော်လည်းသူ့အ​ကြောင်းကိုကြားရုံပဲကြားဖူးတာပါ ဘာပဲဖြစ်ဖြစ် အခုသူကမရှိ​တော့ဘူး"

"အဲ့လိုလူမျိုးရှိခဲ့ဖူးတယ်?"

"ဟုတ်တယ် ကျွန်​တော်ကြားဖူးတာက​တော့သူက​တော်​တော်​ဆိုးဆိုးရွားရွားကိုသေသွားတာဆိုပဲ"

စကားကိုဆက်မ​ပြောခင် Cale ၏ခန္ဓာကိုယ်တစ်ခုလုံးမှာထိုအ​ကြောင်းအရာအားစဥ်း​တောင်မစဥ်းစားမိချင်သလိုမျိုးတုန်တက်သွားခဲ့သည်။

"သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်တစ်​ယောက်လက်ချက်​ကြောင့်နဲ့သူက​သေသွားခဲ့တာ​လေ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now