Chapter 142: Isn't It Pity?

1.3K 228 12
                                    

အခန်း (၁၄၂): နှ​​မြောစရာကောင်းတယ်ဟုတ်?

Words Count: 4751

UNICODE

"ဟူးး"

Cale သည်သက်ပြင်းတစ်ချက်ကိုချသည်။ ချက်ချင်းဆိုသလို Toonka သည်၎င်းသက်ပြင်းအားတုံ့ပြန်ချက်ပြလာခဲ့သည်။

• "အရမ်းကြီးလည်းစိုးရိမ်စရာမလိုပါဘူး...ငါဘယ်သူလဲဆိုတာမင်း​မေ့သွားပြီလား? ငါက Toonka ပါကွ...ငါနည်းလမ်းကိုမရမကရှာသွားမှာ အဲ့​တော့ငါ့ကိုသိပ်ပြီးလည်းမစိုးရိမ်နဲ့"

"မင်းရဲ့ကိုဩဒိနိတ်ကို​ပြော"

• "...ဘာကြီး?"

'ကိုဩဒိနိတ်?'

Toonka သည် Cale မျက်နှာ​ပေါ် မှရူပ်​ထွေးလှ​သောအမူအရာအား​တွေ့ လိုက်ရသည်။ Cale သည်စိတ်ရူပ်​နေသလို​လေသံဖြင့်စကားကိုစ​ပြောသည်။

"မင်းရဲ့အခုလက်ရှိတည်​နေရာရဲ့ကိုဩဒိနိတ်ကိုငါ့ကို​ပြောပြ...ငါအဲ့ကိုလာခဲ့မယ်"

• "...ဘာလို့လဲ?"

'ဘာလို့လဲ?'

Toonka ၏အ​မေး၌ Cale သည်အလွန်တရာကိုမှစိတ်ရူပ်လာခဲ့သည်။

'မဟုတ်ဘူး သူ​မေးတာမှန်တယ်...ဘာလို့ငါအဲ့ကိုသွားရမှာလဲဆိုတာငါကိုယ်တိုင်​တောင်မသိဘူး...ဒါ​ပေမယ့် ငါမသွားလို့ကလည်းမဖြစ်ပြန်ဘူး'

အင်ပိုင်ယာ၏အာဏာချုပ်ကို​လျော့နည်း​အောင်ပြုလုပ်ရန်အတွက် Whipper တိုင်းပြည်သည်အနှီရဲတိုက်အားသိမ်းပိုက်ဖို့လိုအပ်သည်။

'...အင်ပိုင်ယာဘက်ကဘာ​တွေစဥ်းစား​နေလဲဆိုတာငါမသိ​ပေမယ့်ပေါ့'

ဘာ​ကြောင့်အင်ပိုင်ယာကထိုသို့လုပ်ပြီး ရဲတိုက်ကြီးအားစွှန့်ပစ်ခဲ့လဲဆိုသည်ကို Cale မသိပါ။

အခုကဲ့သို့အင်ပိုင်ယာလုပ်ခဲ့ခြင်းက Toonka တို့ဘက်ကသိမ်းပိုက်ဖို့ကြံရွယ်​နေတဲ့ ကျန်ရဲတိုက်နှစ်ခု​ပေါ် သို့သူတို့၏အင်အားစုကိုပိုမိုအာရုံစိုက်လိုသည့်အတွက်​ကြောင့်လား သို့တည်းမဟုတ် Toonka တို့ကယင်းမီး​တောက်ကြီးအားငြှိမ်းသတ်ဖို့ကြိုးစား​နေစဥ် သူတို့အားခြုံခိုတိုက်ခိုက်လိုသည့်အတွက်​ကြောင့်လား။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now