Chapter 189: A Small Goal (4)

640 108 1
                                    

အခန်း (၁၈၉): ရည်ရွယ်ချက်​လေးတစ်ခု (၄)

Words Count: 4338

UNICODE


​ရွှေပင်ကြီး၏အ​ပေါ် ဆုံးထပ်။ ဗီးဂတ်စ်မြို့ကြီး၌အမြင့်ဆုံး​နေရာဖြစ်​သောဤအထပ်သည် ပြဇာတ်တစ်ပုဒ်စတင်ကပြ​တော့မည်ကို​စောင့်​နေ​သော ပြဇာတ်ရုံအလားဆိတ်ငြိမ်​နေ​သော်လည်း ​အောက်တွင်​တော့တီးတိုးစကား​ပြောသံတို့ရှိ​​နေသည်။

ကလစ်။

Singten ကုန်သည်အဖွဲ့ ​ခေါင်း​ဆောင်သည် R - 3 ထိုင်ခုံ​နေရာ၏တံခါးအားဖွင့်လိုက်သည်။

ဗွီအိုင်ပီ​လေလံပွဲအတွက် ​လေလံပွဲအိမ်​တော်၌ ထိုင်ခုံနံပါတ် တစ်က​နေငါးအထိရှိ၏။ သို့​သော် အဲ့ထဲတွင်မှ အထူးသီးသန့်​နေရာတို့လည်းရှိ၏။

R ။

ထိုအက္ခရာမှာ ​လေလံ​ခေါ် ရာစင်မြင့်အပါအဝင် ​အောက်ရှိထိုင်ခုံများအားလုံးကိုပါမြင်ရ​သောပွဲကြည့်စင်​နေရာကိုရည်ညွှန်းသည်။

​လေလံအိမ်​တော်၌ယခုလို​နေရာမျိုးစုစု​ပေါင်းရှစ်​နေရာရှိပြီး ယင်းခုံနံပါတ်တို့အား R ဟုအမည်သတ်မှတ်ထားသည်။

ဤ​နေရာမှ​နေပြီး စင်မြင့်ခုံတစ်ခုလုံးအားမြင်​တွေ့ နိုင်သလို ထိုထက်အ​ရေးကြီးသည်က ပွဲကြည့်စင်မှာအသံလုံစည်းပါဝင်တာ​ကြောင့် တခြားခုံ​နေရာများနှင့်ယှဥ်လျှင် ကိုယ့်ရဲ့သရုပ်မှန်အားအလွယ်တကူဖုံးကွယ်​လို့ရနိုင်သည်။

Plavin Singten သည်လှပ​သော​ကျောက်မျက်ရတနာဖြင့်စီခြယ်ထားသည့်မျက်နှာဖုံးတစ်ခုအားဝတ်ဆင်ကာ ပွဲကြည့်စင်အမှတ်သုံးထဲသို့ဝင်လိုက်သည်။

ထို့​နောက် သူသည်​နေရာအားကွယ်​နေ​သောလိုက်ကာအားဖွင့်၏။

အချိန်တိုအတွင်း Plavin မှာ R-3 ​၌ထိုင်ခုံ​နေရာရဖို့ရှာခဲ့ရ​သော်လည်း ယင်း​နေရာမှာ ပွဲကြည့်စင်ရှစ်ခုအနက် အင်ပိုင်ယာအတွင်းထိပ်သီးကုန်သည်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Singten ကုန်သည်​အဖွဲ့ အတွက်ကြိုတင်သတ်မှတ်ထားနှင့်ပြီးသား​ဖြစ်​သော​​ကြောင့် သူသည်ခက်ခက်ခဲခဲရှာစရာမလိုလိုက်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now