Chapter 194: Destroying It! (3)

643 120 2
                                    

အခန်း (၁၉၄): ဖျက်စီးပစ်ခြင်း! (၃)

Words Count: 4852

UNICODE

ကြေညာချက်သည် ​ဆောင်းတွင်း​နေမင်းနှင့်အတူ​ ပေါ် ထွက်လာခဲ့သည်။

< ကျွန်ုပ်တို့၏သံမဏိမဟာမိတ်တပ်ဖွဲ့ (Indomitable Alliance) သည် မ​အေးခဲ​သောကုန်း​မြေတို့အား ပွင့်ပွင့်လင်းလင်း မျှမျှတတသိမ်းပိုက်သွားမည်ဖြစ်​ကြောင်း ​တရားဝင်ကြေညာလိုက်သည် >

​မြောက်ပိုင်းမဟာမိတ်အုပ်စု၊ ဝက်ဝံမျိုးနွယ်စု နှင့် မီး​တောက်လူပုမျိုး။ မျိုးနွယ်စုနှစ်စု နှင့် တိုင်းပြည်သုံးပြည်တို့ ပါဝင်​သော ဤမဟာမိတ်တပ်ဖွဲ့ ၏အမည်မှာ 'သံမဏိမဟာမိတ်တပ်ဖွဲ့' ပင်ဖြစ်​လေသည်။

ဤသတင်းကား ​အ​နောက်ဘက်​ဒေသကြီး၏​ဆောင်း​နှောင်းပိုင်းအား ပူစပ်ပူ​လောင်ဖြစ်​သွားစေ​သည်။

ပီ~~~~~~။

​ကြေညာချက် ထုတ်ပြန်ပြီးပြီးချင်း ဆက်သွယ်မှုတို့မှာ Cale နှင့် မင်းသား Pen တို့ ရှိ​နေ​သောရွက်ဖျင်တဲထဲသို့ ဒရ​ဟော ရောက်ရှိလာသည်။

Mogoru အင်ပိုင်ယာသည် သူတို့၏စိတ်ပျက်မှုအား​​ ဖော်ပြခဲ့ကာ အ​နောက်ဘက်​ဒေသကြီးအတွင်း ငြိမ်းချမ်း​ရေးရရှိလာ​အောင် လုပ်​ဆောင်​ပေးသွားမည် ဖြစ်​ကြောင်း​ ပြောကြားလာသတဲ့!

ရွက်ဖျင်တဲထဲမှ လူများ၏မျက်နှာအမူအရာမှာ သိပ်မ​ကောင်းလှ။

'အင်ပိုင်ယာက ငြိမ်းချမ်းမှုကို လိုလားတယ်?'

"​ခွေးစကား​တွေ"

Cale ၏မှတ်ချက်၌ လူအများတို့မှာ တုန်တက်သွားခဲ့ကြ​သော်လည်း ဘယ်သူကမှ Cale ၏အပြုအမူ သို့မဟုတ် သူ၏မှတ်ချက်စကားအား ဘာမှမ​ပြောခဲ့ပါ​ပေ။

'...ငါ့ဆရာကိုမြင်​နေရသလိုပါပဲလား'

မြို့စား Ecross သည် Cale ဆီက​နေမှ အမျိုးအမည်မသိ​သော ဖိအားတစ်မျိုး ထွက်လာ​နေသည်ကို ခံစားရမိ၏။ မသိလျှင် သူမှာ ဤ​နေရာတစ်ခုလုံးအား အုပ်စိုး​ကြီးကြပ်သော သခင်ကြီးတစ်ပါးကို​ မော်ကြည့်​နေရသည့် အလား။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now