Chapter 176: Tricked? (4)

821 133 2
                                    

အခန်း (၁၇၆): လှည့်စားတယ်? (၄)

Words Count: 4357

UNICODE

Cale သည်စတင်၍လက်ခုပ်တီးသည်။

​ဖြောင်း ​ဖြောင်း ​ဖြောင်း။

တခြားသူများသည်လည်း ဘုန်း​တော်ကြီးတစ်ပါး ယဇ်ပုလ္လင်​ပေါ် သို့​ ရေ​လောင်းချသည်ကိုကြည့်ရင်းလက်ခုပ်တီး အား​ပေး​၏။

"ဒီ​ရေ​တို့ မဟာပထဝီမြေကြီးထဲစိမ့်ဝင်သွားတာနဲ့ တစ်နှစ်တာလုံးရဲ့ဝမ်းနည်းပူ​ဆွေးမှု​တွေအကုန်​​​ပြေ​ပျောက်သွား​စေသား!"

"ဒီ​ရေ​တို့ မဟာပထဝီမြေကြီးထဲကိုစိမ့်ဝင်သွားတာနဲ့ တစ်နှစ်တာလုံးရဲ့ဝမ်းနည်းပူ​ဆွေးမှု​တွေအကုန်​​​ပြေ​ပျောက်သွား​စေသား!"

ဘုန်း​တော်ကြီးက ထိုသို့အရင်စ​အော်​တော့ လူအများကလည်း​ နောက်မှလိုက်လံ​ရေရွတ်ကြသည်။

ထိုသည်သာမက လူအများမှာ သူတို့၏​ခြေ​တို့ကို​စတင်ဆောင့်ချပြီး နတ်ဘုရား၏မျက်ရည်ရာဇဝင်ရှိ​သော ဤ​ရေကန်ကြီးအတွက် အား​ပေးကြ​လေ​တော့သည်။

ဤပွဲ​တော်မှာ ယဇ်ပူ​ဇော်သည့်ပွဲ​တော်ဖြစ်သဖြင့် အ​တော်အသင့်မူန်မိူင်းမိူင်းဖြစ်လိမ့်မည်ဟု Cale တွေးထင်မိခဲ့​သော်လည်း သူ၏အ​တွေးနှင့်ဆန့်ကျင်စွာ ပွဲ​တော်မှာ စည်ကားမြိုင်ဆိုင်လှ​ပေသည်။

Cale သည်ဆူညံ​နေ​သောပတ်ဝန်းကျင်အားအသုံးချကာ သူ့ရင်ခွင်ထဲရှိ Hong ကို​မေးခွန်း​မေးကြည့်သည်။

"အဲ့​ကောင်စုတ်​တွေက အဲ့မှာ​နေ​နေကြတာလား?"

​မြှောင်~~။

လူအသက် ရှစ်နှစ် သာရှိ​​သေးသည့်အတွက်​ကြောင့်ပဲလားမသိ ​ကြောင်​ပေါက်စန​လေးအသွင်​သာပေါ် ​နေ​​သေးသော Hong သည်​ညှောင်သံပြုကာ Cale ၏အ​မေးအားတုံ့ပြန်သည်။ Hong ၏​ညှောင်သံကိုကြားရပြီး​နောက် Cale သည်သူ၏အ​တွေးတို့အား စတင်စုစည်းလိုက်သည်။

လက်ရုံး​ကောင်စုတ်သူ​တောင်းစားများမှာ ထို 'ပစ္စည်း' အားကမ်း​ပေးပြီးသည်နှင့် မပြန်ကြဘဲ Duke ၏အိမ်​တော်၌တည်း​နေကြ​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now