Chapter 121: Nice To Meet You (4)

1.5K 264 26
                                    

အခန်း (၁၂၁): ​တွေ့ ရတာဝမ်းသာပါတယ် (၄)

Words Count: 5182

UNICODE

• "ဟူးမန်း သတိထား, သတိထား! မင်း​ချော်လဲရင်ပြုတ်ကျပြီး​သေသွားလိမ့်မယ်!"

Raon ၏မြည်တွန်​တောက်တီးမှုမှာ Cale နားထဲသို့မ​ရောက်။ Cale သည် Beacrox ညွှန်ပြရာအပျက်အစီးအပုံကြားသို့ဦးတည်​လျှောက်သွားခဲ့သည်။

"ဘာ​တွေဖြစ်​နေတာလဲ?"

"​တစ်ချက်​လောက်ကြည့်ကြည့်ပါ သခင်​လေး"

အပျက်အစီးများ​အောက်မှ​​မှောင်မည်း​နေ​သော​နေရာတစ်ခုအား Beacrox ကညွှန်ပြသည်။ Cale ငုံ့ကြည့်လိုက်​တော့​ပေါက်ကွဲမှု​ကြောင့်​နေရာ​ပေါင်းစုံသို့လွင့်စင်သွားခဲ့ပုံ​ပေါ် ​သော​သေတ္တာတစ်ခုအား​တွေ့ ခဲ့​လေသည်။

ထိုစဥ် Cale သည်ထိတ်လန့်သွားရသကဲ့သို့သရုပ်​ဆောင်ရင်းစကားလုံးနှစ်လုံးကိုသာ​​ပြောခဲ့သည်။

"ဘုရား​ရေ!"

Cale ၏အာ​​မေဋိတ်ပြုသံ၌ Beacrox ကသူ၏​ခေါင်းကိုငြိမ့်ပြသည်။

'ထင်ထားတဲ့အတိုင်း သခင်​လေးကအိုက်တင်လုပ်တဲ့​နေရာမှာအိတ်စပက်ပဲ'

ထို့​နောက် Cale သည်​နောက်သို့လှည့်ကာ Beacrox ကိုကြည့်ရင်း​မေးသည်။

"​အောက်ကဘယ်​လောက်နက်လဲ?"

'ကြည့်ရတာ​တော့​မြေ​အောက်ခန်းသုံးထပ်ထက်​တော့ပိုနိမ့်မယ်ထင်ပါတယ်'

ထိုသည်မှာ Choi Han ပြောရမည့်လိုင်းဖြစ်သည်။

"အဲ့​.နေ.ရာ.က-"

သို့​​သော် Beacrox သည် Choi Han အားသူ၏ဘယ်ဖက်လက်ဖြင့်လှမ်းကာကာသူ့အစားအ​ဖြေ​ပေးသည်။

"ကြည့်ရတာ​တော့​မြေ​အောက်ခန်းသုံးထပ်ထက်​တော့ပိုနိမ့်မယ်ထင်ပါတယ်"

"...တကယ်လား?"

ချွတ် ချွတ်။

သူ့အနားသို့နီးကပ်လာ​သော​ခြေသံတို့အား Cale ကြား​လိုက်ရပြီး​​နောက် မျက်နှာထားတည်တည်ဖြင့်​​မေးခဲ့သည်။

"​​မြေ​အောက်ခန်းမှာ​လေးထပ်​မြောက်အထပ်တစ်ထပ်ရှိနေ​သေးတယ်? လူ​တွေ​ပြောတာ​တော့မှော်​​မျှော်စင်တာဝါကြီးက​မြေ​အောက်ခန်းသုံးထပ်ပဲရှိတယ်ဆို?"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now