Chapter 136: Together (4)

1.1K 240 12
                                    

အခန်း (၁၃၆): အတူတူ (၄)

Words Count: 4573

UNICODE

​ ​​ကလက် ကလက် ကလက်။

​လှေကား​အောက်သို့သူတို့​​​ပြေးဆင်းသွားသံများမှာ​နေရာတစ်ခုလုံးအနှံ့ပျံ့နှံ့သွားသည်။ သို့​သော် မကြာမကြာထွက်​ပေါ် လာတတ်သည့်ဓါး​ရေးကျွမ်းကျင်သူ Hannah ၏​အော်ဟစ်သံသည်ထို​ခြေသံတို့အားဖုံးလွှမ်းသွား​ပေ၏။

"Bin...သူကအခုထိအစပိုင်းအဆင့်မှာပဲရှိ​သေးတယ်လို့မင်းပြောခဲ့တယ်မဟုတ်လား?"

Bin သည် Cale ၏အ​မေးအားအလျင်စလိုပြန်တုံ့ပြန်သည်။

"ဟုတ်ပါတယ် သခင်​လေး...ကျွန်​တော်တို့မ​နေ့ညက​သတင်းရတဲ့ထိ​တော့သူကအစပိုင်းအဆင့်မှာပဲရှိ​သေးတာပါ"

Hannah တစ်​ယောက်တတ်နိုင်သမျှကြာကြာအစပိုင်းအဆင့်၌​နေနိုင်​အောင် Cale နှင့်အတူ Litana ကပါအဆင့်မြင့်​ဆေးရည်များစွာတို့အားချန်ထားရစ်ခဲ့သည်။

သူ့နောက်မှ Tasha စကား​ပြောလာသည်ကို Cale ကြားလိုက်ရ၏။

"သူကအခုအလယ်အဆင့်ကို​ရောက်​နေတယ်ဆို​ပေမယ့် လုံးဝကို​ရောက်သွား​တော့မဟုတ်ပါဘူး...ဘယ်လိုပဲ​နေ​နေ သူ့အတွက်အန္တရာယ်များတာ​တော့အမှန်ပါပဲ"

Tasha ၏အသံ၌အလျင်လို​သောအရိပ်အ​ယောင်တို့ပါဝင်​နေသည်။

​လှေကား​အောက်သို့​ပြေးဆင်းရင်း Cale သည် Mary နှင့်သူ​ပြောခဲ့​သောစကားတို့အားပြန်​တွေးမိသည်။ ထိုစကားမှာသူတို့တွေသင်္ဘော​ပေါ် တွင်ရှိခဲ့စဥ်က​ပြောကြားခဲ့​သောစကားတို့ဖြစ်​ပေသည်။

'သူ့ကိုကူညီဖို့အတွက်နည်းလမ်းရှိတယ်လို့​မင်းပြောခဲ့တယ်​နော်?

'ဟုတ်ပါတယ် သူကမာစတာအဆင့်ဓါး​ရေးကျွမ်းကျင်သူမို့လို့ပိုပြီး​တောင်ဖြစ်နိုင်​ချေရှိပါတယ် သခင်​လေး'

'...Mary, ငါသူ့ကိုဒီတိုင်းအသက်ရှင်ရုံ​လေးရှင်​နေတာမျိုးမဖြစ်​​စေချင်ဘူး​​နော်'

'Mary သိပါတယ် သခင်​လေး...သူ့ကိုပုံမှန်လူတစ်​ယောက်လိုဖြစ်သွားတဲ့အထိ Mary ကု​​ပေးသွားမှာပါ'

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now