Chapter 184 : Young master-nim, You Really Are...(3)

632 116 1
                                    

အခန်း (၁၈၄): သခင်​လေးတစ်​ယောက်က​တော့...(၃)

Words Count: 4190

UNICODE

Antonio Gyerre သည်ပတ်ဝန်းကျင်အားလှည့်ကြည့်မိသည်။

နယ်​မြေမှစစ်သားတို့အမြန်အဆန်လာ​နေကြတာကိုသူသည်လှမ်း​တွေ့ ​နေရ၏။ ထို့အပြင် ​စျေး​ရောင်းတန်းတစ်ဖက်တွင်ရှိ​သောတံတား​ပေါ် ၌လည်းပြည်သူများမတ်တပ်ရပ်ကြည့်​နေတာကို သူ​တွေ့ ​နေရ၏။

သည့်ထပ်ပို၍အဓိကကျသည်က အိမ်ထဲတွင်ပုန်း​နေ​သော်လည်း နားစွင့်​နေကြ​သောဆင်​ခြေဖုံးရပ်ကွက်မှလူများရှိ​နေ​ပေသည်။

"သခင်​လေး!"

လုံခြုံ​ရေးတပ်မှုး နှင့် အုပ်ချုပ်​ရေးမှုူး တို့သည် Antonio နား​ရောက်ချလာသည်။ ထိုအချိန် Cale သည်စာရွက်တစ်ရွက်အား Antonio ကမ်း​ပေး၏။ ထိုစာရွက်​ပေါ် ၌တွင်မူ အိမ်ဆယ်အိမ်အားအမှတ်အသားပြုထား၏။

"ဒီအိမ်​တွေက လူကုန်ကူးသမား​​တွေလူ​တွေကိုချုပ်ထားတဲ့​နေရာပါ"

"...​ကျေးဇူးအများကြီးတင်ပါတယ် သခင်​လေး Cale"

ကြည်ကြည်လင်လင်နှင့်သူ့အားစိုက်ကြည့်​နေ​သော Cale ကိုမြင်လိုက်​တော့ Antonio မှာ​သေချာသွား၏။

အနှီပုဂ္ဂိုလ်မှာလုံးဝကိုအရက်မူး​မ​နေပေ။ ဤအစီစဥ်အားသူသည်စိတ်ရှင်းရှင်းနဲ့ကို​သေချာလုပ်​ဆောင်သွားတာဖြစ်၏။

Cale သည်သူ့အား​နောက်ထပ်စာရွက်စာတမ်းတစ်ခု​ပေးလာ၏။

"...ဒီအမှတ်အသားက"

Antonio သည်စာတမ်းအ​ပေါ် ကတံဆိပ်အမှတ်အသားအား​တွေ့ လိုက်ရသည်။

ထိုသည်မှာ Gyerre အိမ်​တော်၏လက်​အောက်ခံအိမ်များထဲမှတစ်ခုဖြစ်​သော ကုန်သည် Chryshi ၏အမှတ်အသားပင်။ Antonio ၏မျက်နှာမှာမူန်သူန်သွား၏။ ထို့​နောက် လူတစ်​ယောက်အားဒုကပ္ပတိန် Hilsman ဆွဲ​ခေါ် လာသည်ကိုသူ​တွေ့လိုက်ရ၏။

"ဒါက Chryshi အိမ်ကအိမ်​တော်ထိန်းပါ"

"...သခင်​လေး Cale"

Antonio သည် Cale နာမည်အားငြီးငြူသံဖြင့်​​ခေါ် ပြုမိသလို​တောင်ဖြစ်သွားသည်။ ဆိုးရွားလှ​သောအ​တွေးတစ်ခုမှာသူ၏​ခေါင်းထဲ၌ဖြစ်​ပေါ် ​နေ၏။ ယင်းအ​တွေးမှာတကယ့်လက်​တွေ့ လည်းဖြစ်​ကောင်းဖြစ်လာနိုင်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now