Chapter 200: There's A Dragon...? (5)

1.2K 156 19
                                    

အခန်း (၂၀၀): နဂါးတစ်​ကောင်ရှိ​နေတယ်? (၅)

Words Count: 5491

UNICODE

"တံတိုင်းကြီးကို မြဲမြဲကိုင်ထား!"

မြို့စားကြီးရဲ့​အော်​ပြောသံအား ကြားလိုက်ရ​​သော် စစ်သားများသည် ချက်ချင်း တံတိုင်းကိုဖက်သူကဖက် ကြမ်း​​​ပေါ် သို့ လှဲ​မှောက်ချသူကချ ပြုလုပ်လာကြသည်။

​ပေါက်ကွဲမှုကြီးသည် နယ်​​မြေတစ်ခုလုံးအား သိမ့်သိမ့်တုန်သွား​စေ၏။ အနှီ​ပေါက်ကွဲမှုမှာ ကောင်းကင်ယံ​ပေါ် ၌ ဖြစ်ပွားခဲ့သည်မှန်သော်လည်း ​​ပေါက်ကွဲမှု၏ဂယက်လိူင်းများမှာ ရဲတိုက်တံတိုင်းအနားသို့ တိုက်ရိုက်သက်​ရောက်ခဲ့သည်။ မြို့စားကြီး Henituse သည် နူတ်မှလွှတ်ခနဲ မှတ်ချက်​ပေးမိသွား၏။

"...ဒါကလူသား​တွေအတွက် တိုက်ပွဲမဟုတ်ဘူးဘဲ"

ဤစစ်ပွဲကြီးမှာ လူသား​တွေ၏အတိုင်းအတာအား​ ကျော်လွန်သည်။

ထို့​​​နောက် သူသည် သူ၏ဇနီးနှင့်သားအား လှည့်ကြည့်လိုက်ခဲ့၏။ သူမှာပင့်ရိူက်သံ မပြုဘဲမ​နေနိုင်ခဲ့ရ။

"...ဟ-"

ယင်းပင့်ရိူက်သံမှာ ရယ်သံတစ်ခုနှယ် အသံထွက်လာ၏။

မည်သည့်အချိန်တည်းက ​မတ်တပ်​ထကောက်ရပ်လာမှန်းမသိသော သူ၏သားဖြစ်သူမှာ မြို့စားက​တော်၊ ဆရာဝန် နှင့် ဘုန်း​တော်ကြီးတို့အား ကာကွယ်​ရန်အတွက် ဒိုင်းကာ​သေး​သေး​လေးတစ်ခု ဖန်တီး​ပေးခဲ့​သည်​လေ။ ထိုအချိန်၌ မြို့စားကြီးသည် တစ်စုံတစ်ရာအား သ​ဘော​ပေါက်သွားသည်။

'ဒီစစ်ပွဲက လူသား​တွေရဲ့အတိုင်းအတာကို​ ကျော်လွန်တဲ့စစ်ပွဲတစ်ပွဲ...ပြီး​တော့ ငါ့သားက အဲ့တိုက်ပွဲရဲ့အလယ်မှာ ရှိ​နေတယ်'

မတ်တပ်ရပ်လို့​နေပြီး အသားအရည်တို့ပြန်လည်​​သွေး​​ရောင်သန်းလာ​သော သူ့သားအားကြည့်ရင်း မြို့စားကြီး၏စိတ်အစဥ်သည် ရူပ်​ထွေးလာသည်။ ​​မတ်တပ်ပြန်ရပ်ရန်အတွက် သူသည်​ ဖြည်းဖြည်းချင်း နံရံအားတွန်းလိုက်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now