Chapter 169: Perhaps (4)

1K 172 6
                                    

အခန်း (၁၆၉): မဟုတ်မှလွဲ​ရော (၄)

Words Count: 4627

UNICODE

"အဲ့ဒါကရူးတာပဲ" 

ခပ်ငယ်ငယ်​ကောင်​​လေးတစ်ဦးဆီမှဝိုင်တစ်ဖန်ခွက်အား Cale သည်လက်ခံလိုက်သည်။ 

​အခုကိုသူသည်အထီးကျန်​ရေကန်နှင့်အနီးစပ်ဆုံးရွာ၌​ရောက်ရှိ​နေတာပင်။ 

ဤ​နေရာမှာရွာထဲတွင်ရှိ​သည့်တစ်ခုတည်း​သောတည်းခို​ဆောင်နှင့်စား​သောက်ဆိုင်ဖြစ်​သည်။ Rosalyn တစ်​ယောက်အထီးကျန်​ရေကန်အ​ကြောင်း​မေးလာသည်ကိုကြားလိုက်ရ​သော် ဆိုင်ပိုင်ရှင်၏​မြေးငယ်သည်သူ၏လက်အားအပြင်းအထန်ကို​​ခါရမ်းပြ​တော့သည်။ 

"တခြားလ​တွေဆိုရင်​တော့အဆင်​ပြေရင်အဆင်​ပြေ​လောက်တယ် ဒါမယ့် ဇန်နဝါရီလကြီးထဲအဲ့ကိုဝင်သွားမယ်ဆိုရင်ဒီတိုင်းသွားအ​သေခံသလိုဖြစ်မှာပဲ" 

"ဟုတ်လား? တခြားအချိန်​တွေမှာလည်းလူ​တွေသွားလာကြတာပဲလား?" 

Cale သည်အရက်တစ်ငုံအား​​သောက်မိပြီး​နောက် ချက်ချင်းပင်ရပ်လိုက်သည်။ 

အရက်မှာ​နွေး​သော်လည်း​တော်​တော်ကိုပြင်း​လေသည်။ 

'ဒါ​တောင်​ငါပျော့တဲ့ဟာကိုမှာထားတာ' 

ထိုသည်မှာသူတို့၌ရှိ​သည့်အ​ပျော့ဆုံးအရက်ဖြစ်​သော်လည်း သူ၏လည်​ချောင်း နှင့် ဗိုက်တို့မှာ​လောင်ကျွမ်း​နေသကဲ့သို့ခံစား​နေရ​လေသည်။ 

• "ဟူးမန်း အဲ့အရက်ကအရသာရှိလား? မင်းမျက်​မှောင်ကြီးကြုတ်ထား​တာ​တောင်မှ ဘာလို့ဆက်သောက်​နေတာလဲ?" 

Cale သည်သူ၏အကြည့်အားလွတ်​နေ​သောခုံတစ်လုံးဘက်သို့လှည့်ကြည့်ခဲ့သည်။ ထို​နေရာမှာလစ်ဟာ​လို့​​နေ​သော်လည်း Raon သည်ကိုယ်​ယောင်​ဖျောက်ထားလျက်ထို​နေရာ၌ထိုင်​လို့​နေ​ပေသည်။ Cale သည်​ဘေးပတ်လည်အားတစ်ချက်​ဝေ့ကြည့်ပြီး​နောက်​လေသံမာမာဖြင့်စကားစ​ပြော​ခဲ့သည်။ 

"မရဘူး" 

​ခြောက်နှစ်သားကအရက်​သောက်မယ်? သူကနဂါးတစ်​ကောင်ဖြစ်​နေရင်​တောင်မှ ထိုသည်အားသူခွင့်မပြုနိုင်ပါ။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now