Chapter 153: To The Empire (3)

1.1K 196 10
                                    

အခန်း (၁၅၃): အင်ပိုင်ယာဆီသို့အလည်တစ်​ခေါက် (၃)

Words Count: 4378

UNICODE

မည်သို့ပင်ဆို​စေကာမူ Cale ၏​ကျောမှာချမ်းစိမ့်စိမ့်ဖြစ်​နေခဲ့​သော်ညား ကိစ္စများမှာ​ချော​ချော​မွေ့​မွေ့ ရှိ​ခဲ့​လေသည်။

• "ဟူးမန်း ဒီတိုင်းမတ်တပ်ရပ်​နေရတာကလည်း​ပျော်စရာ​ကောင်းသားပဲ"

Raon ၏မှတ်ချက်၌ Cale သည်​ခေါင်းအားအသာငြိမ့်ပြခဲ့သည်။

'ဒါ​ပေါ့ ငြိမ်ငြိမ်​လေးမတ်တပ်​ရပ်​နေရတာကအ​ကောင်းဆုံးပဲ​ပေါ့'

​တောင်သည်​တောင်သာဖြစ်ပြီး ​ရေသည်လည်း​ရေသာဖြစ်သည်။ မြစ်ထဲမှ​ရေများ​ရေစီး​ကြောင်းအတိုင်းလိုက်လံစီးဆင်းသကဲ့သို့ Cale သည်အိမ်​ရှေ့စံနှင့်အတူသံတမန်အဖွဲ့ ​အလည်​ခေါင်မှ​နေ၍လိုက်လံခဲ့သည်။

အလိုအ​လျောက်ဆိုသလို သူ၏သက်​တော်​စောင့်နေရာ၌တာဝန်ယူထား​သောလူများသည်လည်း သူနှင့်အတူလိုက်ပါလာကြ၏။

ထိုစဥ် ရာထူးနိမ့်အမှုထမ်းတစ်ဦးသည်သူတို့အနားသို့ချည်းကပ်လာ၏။

"သခင်​လေး Cale...ကျွန်​တော်တို့ခဏ​နေရင်​​မှော်ရွေ့လျားစက်ဝန်းဆီသွားပါ​တော့မယ်"

'အဲ့ဒါကိုဘာလို့ဒီအထိငါ့ဆီလာပြီး​ပြောတာပါလိမ့်?'

ထိုသည်အား​ပြောဖို့ရာအတွက်သူ့​နေရာအထိလာခဲ့သည်အားထူးဆန်းသည်ဟု Cale ​တွေးမိ​သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ယင်းအမှုထမ်းလေးအားသူ​ကျေးဇူးတင်စကားဆိုခဲ့သည်။

"နားလည်ပါပြီ...အခုလိုလာ​ပြော​ပေးတဲ့အတွက်​​ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့...အဲ့ဒါ​ကြောင့်အရှင့်သား အိမ်​ရှေ့စံကသခင်​လေးကိုအ​ရှေ့ကိုထွက်လာခဲ့ဖို့မှာကြားလိုက်တာပါ"

"...ဟမ်?"

"...ဗျာ?"

Cale က​မေးလိုက်​​တော့အမှုထမ်း​လေးကလည်းပြန်အ​မေးပြုသည်။ အမှုထမ်း​​လေးသည်နားမလည်နိုင်စွာဖြင့်မျက်​တောင်အားပုတ်ခတ်ပုတ်ခတ်လုပ်​နေ​သော Cale အားစိုက်ကြည့်ကာစကားကိုဆက်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now