Chapter 199: There's A Dragon...? (4)

757 132 7
                                    

အခန်း (၁၉၉): နဂါးတစ်​ကောင်ရှိ​နေတယ်? (၄)

Words Count: 6147

UNICODE

Henituse နယ်မြေ၏အမြင့်ဆုံးနေရာ၌ဖြစ်၏။ 

Basen သည် အခုထိ ရဲတိုက်မျှော်စင်ကြီး၏အမြင့်ဆုံးအခန်း၌ရှိနေရဆဲ။ 

“အစ်-အစ်ကိုကြီး!” 

သူ၏အော်သံမှာ ပဲ့တင်ထပ်သွား၏။ သူမှာမျှော်စင်ကြီးပေါ် မှခုန်ချကာ Cale ဆီသို့ ပြေးပဲသွားတော့မလို လက်ရန်းတန်းအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။ 

အလင်းစူးစူးတို့ထွက်ပေါ် လာရာ အရင်းအမြစ်နေရာအား သူသည်စိုက်ကြည့်မိပါ၏။ 

အမြင်အာရုံတို့ ပြန်လည်ကြည်လင်လာသည့်အချိန် Basen Henituse သည် ဆူညံသံတစ်ခုအား ကြားလိုက်ရသည်။ 

ကလက်—ခွက်။ 

တိုက်ခိုက်မှုကြီး မတိုင်မီက အက်ကွဲကြောင်းဖြစ်သွားခဲ့သောဓါးကြီး။ 

ယင်းဓါးသည် ဖြည်းဖြည်းချင်း တစ်ချောင်းလုံးအက်ကွဲလာခဲ့ရာမှ လေထဲ၌ တစ်စစီ လွင့်ထွက်သွား၏။ အနှီ ​​ပျောက်ကွယ်သွားသော ဓါးမှုန်အစအနတို့ဖြင့် ထိမိသည့်ဝိုင်ဗန်တို့သည် ချက်ချင်းကို ပြာဖြစ်ကုန်၏။ သို့သော် သူမြင်လိုက်ရသော မြင်ကွင်းပေါ် ၌ ကြောက်လန့်မှုတို့မခံစားရခင် တစ်စုံတစ်ခုသည် သူ၏အာရုံအား ဆွဲဆောင်ခဲ့သည်။ 

သူသည် ဒိုင်းကာကြီးအား မြင်နေရ၏။ 

အလွန်တရာကိုမှ သေးငယ်လှသော ဒိုင်းကာမှာ မပျောက်ပျက်သွားခဲ့ပါပေ။ မည်သို့ပင်ဆိုစေကာမူ ဓါးကြီးထိုးဖောက်သွားသောနေရာ၌အက်ကွဲကြောင်းတစ်ခုရှိနေကာ မသိလျှင် အခုချက်ချင်းပင် ဒိုင်းကာမှာ ​ကြွေကျပျက်စီးတော့မည့်အတိုင်း။ ပြောရလျှင် ဒိုင်းကာတစ်ခုလုံးမှာ အက်ကွဲကြောင်းများနှင့်အပြည့်ပင်။ 

အချိန်မရွေး ပျက်စီးကျတော့မည့်ပုံစံနှင့်။ 

ထို့နောက် သူသည် သူ၏အစ်ကိုကြီး Cale Henituse အားမြင်လိုက်ရသည်။ 

ပီးးးးးးးးးး~~~ ပီးးးးးးးး~~~!!!

သတင်းအချက်အလက် ပြန်ကြားရေးအခန်း။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now