Chapter 190: A Small Goal (5)

832 125 9
                                    

အခန်း (၁၉၀): ရည်ရွယ်ချက်​လေးတစ်ခု (၅)

Words Count: 4074

UNICODE

ဗွီအိုင်ပီ​လေလံပွဲ၏ဒုတိယ​မြောက်​နေ့။ အခုသူတစ်​ယောက်ဘာ​တွေလုပ်​နေလဲဆိုသည်ကို Billos မှာမ​တွေးမိဘဲမ​နေနိုင်။

"ဒီ​နေ့ သခင်​လေး အ-အနားယူမှာလားဟင်?"

"အင်း"

ရှလွတ်။

"အာ ​ပေကုန်ပြီ"

Cale သည်သူ့ပါးစပ်နားတွင်​ပေသွား​သော​ဆော့စ်တို့အားသုတ်လိုက်သည်။ ထို့​နောက် သူသည်ဘယ်​နေရာပဲ​ရောက်​ပါ​စေ အမြဲလိုလို ကြက်သားတုတ်ထိုး စားတတ်​ကြောင်း​တွေးမိရင်း အရုပ်ဆိုင်တစ်ဆိုင်​ရှေ့၌ရပ်လိုက်ခဲ့သည်။

"​မြှောင်~~~!"

"အင်း အင်း...အရုပ်ဆိုင်က​နေအရင်စလိုက်ကြတာ​ပေါ့"

သူတို့မှာအခုကို ဆိုင်​ပေါင်း​​သောင်း​ခြောက်​ထောင်နှင့်ပြည့်ကြပ်​နေ​သော ဗီးဂတ်စ်မြို့၏​တောင်ပိုင်းအရပ်၌​ရောက်​နေတာဖြစ်သည်။ ​ဤလမ်း​မှာ ခရီးသွားဧည့်သည်​တွေနှင့်​နေ့စဥ်မပြတ် ကြိတ်ကြိတ်တိုး​နေတတ်​သော​နေရာတစ်​​နေရာပင်။

Billos သည် Cale ​နောက်၌​မှော်အိတ်အလွတ်တစ်လုံးဖြင့် မတ်တပ်ရပ်လို့​နေ​​သော ဒုကပ္ပတိန် Hilsman အား​ချောင်းကြည့်လိုက်သည်။

'ဒီပုဂ္ဂိုလ်ကအဲ့လို​တွေလုပ်တတ်တဲ့လူစားမျိုးမဟုတ်ပါဘူး'

ဒုကပ္ပတိန် Hilsman။

Billos သိိထားသည့် Hilsman ဆိုသူမှာ ကပ္ပတိန်ရာထူးအား​ချိန်ရွယ်​နေ​သော စည်းကမ်းတင်းကြပ်ပြီး ဩဇာ​ညောင်း​​သည့်လူတစ်​ယောက်ဖြစ်သည်။

ထိုသို့​သောပုဂ္ဂိုလ်မျိုးက ​ကြောင်မျိုးနွယ်က​လေး​လေးများအတွက် အရုပ်များ၊ အမှတ်တရလက်​ဆောင်များဝယ်ယူရန် အိတ်လွတ်တစ်လုံးနှင့်မတ်တပ်ရပ်လို့​နေ​ပေသည်။

Billos မှာမယုံနိုင်ရ။

Hilsman နှင့် Billos သည်အကြည့်ချင်းဆုံမိသွားသည်။ ​မှေးမှိန်လှ​သောအပြုံး​သေး​သေး​လေးတစ်ခုမှာ Hilsman ၏မျက်နှာ​ပေါ် ၌ရှိ​နေသည်ကို Billos မြင်လိုက်ရသည်။ ထိုအပြုံးက ဘာလို့များ Billos ကိုပစိပစပ်များ​သောအလုပ်ရှင်​​​အောက်၌အလုပ်လုပ်​နေရသည့်ဝန်ထမ်းတစ်​ယောက်၏စိတ်​သောက​ရောက်ရပုံအား သွားပြီးစဥ်းစား​စေတာပါလိမ့်?

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now