Chapter 103: It Is Real (3)

1.8K 285 20
                                    

အခန်း (၁၀၃): တကယ်ကြီး (၃)

Words Count: 5006

UNICODE


"သခင်​လေးဘာကိုဆိုလိုတာလဲ?"

Mary ​၏စက်ရုပ်သံမှာအနည်းငယ်တုန်ယင်​နေသကဲ့သို့ရှိသည်။

"မင်းကိုဆောင်းတွင်း​ရောက်တဲ့အထိ​နေစရာတစ်​နေရာ​​ပေးမယ်လို့​ပြော​တာ...ဒါ​ပေမယ့် မင်း​နေရမယ့်​နေရာက မင်းလိုချင်သလိုမျိုးလူသား​တွေ​နေထိုင်တဲ့ရွာ​တွေ မြို့​​ထဲ​တွေမှာ​တော့မဟုတ်ဘူး"

တည်းခို​ဆောင်ပိုင်ရှင်သည်တံခါးမဆီသို့သွားကာ​​လော့ချ၏။ သူ၏စိုးရိမ်ကြည့်တို့မှာ Mary ဆီသို့ကျ​​ရောက်လျက်။

Cale သည်စကားကိုဆက်၍မ​ပြောခင် တည်းခို​ဆောင်ပိုင်ရှင်ဖက်သို့စိုက်ကြည့်သည်။

"ဒါ​ပေမယ့် မင်းရဲ့အချိန်ကိုတကယ့်​ကောင်းကင်ကြီးကိုကြည့်ရင်းကုန်ဆုံးလို့ရမယ်...​မြေပြင်​ပေါ် ကအလှတရား​တွေကိုခံစားလို့ရမယ်"

ထို​နေရာမှာမ​ကောင်းဆိုးဝါးအ​ကောင်များနှင့်ပြည့်​နေသည့်အလင်းမဲ့​တောအုပ်ဖြစ်​နေ​စေကာမူ ဤ​မြေ​အောက်မြို့​တော်တွင်မမြင်​​တွေ့ ရနိုင်​သောလှပ​​​သော​ကောင်းကင်ကြီးနှင့် သဘာဝအလှတို့ရှိ​နေ​သေး​ပေသည်။

"...ကျွန်မသခင်​လေးကိုဝန်မ​​လေး​စေချင်ပါဘူး"

ကြာမြင့်လှ​သောတိတ်ဆိတ်မှုအချိန်တစ်ခုအပြီး​ ထိုသည်မှာ Mary ​ပြောလာ​သောစကားပင်ဖြစ်သည်။

'ဝန်​လေးသည်' ဆို​သောစကားလုံးက Cale အားပြုံးလို့သွား​စေသည်။

"ကျွန်​တော့်အ​ကြောင်း​ကောင်း​ကောင်း​သေချာမသိ​သေးလို့ အဲ့စကား​ပြော​နေတယ်လို့ပဲကျွန်​တော်သတ်မှတ်ပါ​ရ​စေ"

Cale သည်ထိုင်ခုံ​နေရာတွင်ထိုင်လျက် Mary အား​မော့ကြည့်သည်။ သို့​သော် သူမြင်​တွေ့ လိုက်ရသည်က​တော့သူမ၏ဝတ်ရုံနက်​အောက်တွင် အနက်​ရောင်မျက်နှာဖုံးတစ်ခုကိုထပ်ဝတ်ထားသည်ကိုပင်။

သူသည် သူနှင့်တစ်ကြိမ်​လေး​တောင်အကြည့်ချင်းမဆုံဘူး​လောက်​သောမိန်းက​လေးနှင့်စကားကိုဆက်​ပြောသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now