Chapter 125: I'll Do It (3)

1.5K 267 14
                                    

အခန်း (၁၂၅): ငါလုပ်မယ် (၃)

Words Count: 4834

UNICODE

တက်ကြွ​နေသည့်အနက်​ရောင်နဂါး​လေးနှင့်ယှဥ်လျှင် ​ရွှေနဂါးကြီးမှာသူလိုချင်​သောအ​ဖြေကိုရခဲ့​သော်လည်းမ​ရေမရာခံစားချက်တို့ခံစားရ​နေမိခဲ့သည်။

"ငါ့က်ိုအကုန်သင်​ပေး! ငါ့ကိုမင်းသိသမျှအကုန်သင်​ပေး​!"

စိတ်လှုပ်ရှားတက်ကြွ​နေ​သော Raon အားစိုက်ကြည့်ရင်း Eruhaben သည်တိတ်တိတ်​လေးပြန်​ဖြေ၏။

"...ငါအဲ့လိုပဲလုပ်သွားဖို့စီစဥ်ထားပါတယ်"

"​​ကောင်းတဲ့အကြံပဲ! မင်းလည်းသ​ဘောတူတယ်မဟုတ်လား အားနည်းတဲ့ဟူးမန်း?"

"အင်း အင်း"

Eruhaben မှာနှစ်​ပေါင်းတစ်​ထောင်နီးနီး​နေထိုင်ခဲ့သည်ဖြစ်​သော်လည်း သူသည်​အခုကဲ့သို့​ ခေါင်းကိုတငြိမ့်ငြိမ့်လုပ်​နေ​သောလူသားတစ်​ယောက်နှင့် အ​တောင်ပံအားတဖျပ်ဖျပ်ခတ်​နေ​သောနဂါးတို့အတွဲမျိုးအားတစ်ခါမှမ​တွေ့ ဖူးပါ​ပေ။

'ငါဆုံးဖြတ်လိုက်တာမှန်​ရောမှန်ရဲ့လား?'

သူသည်အချိန်ခဏမျှ​မေးခွန်းထုတ်မိ​သော်လည်း သူ့၌အချိန်သိပ်မရှိ​တော့သည့်အတွက်​ကြောင့်မို့ကိုယ့်ကိုကိုယ်မ​ရေမရာဖြစ်​နေရာက​နေလျင်မြန်စွာရပ်တန့်ခဲ့သည်။ ဤသည်မှာလည်း​ရေစက်သာဖြစ်ရမည်။ သူ၏​နေဝင်ချိန်နှစ်၌ငယ်ရွယ်​သောနဂါး​လေးတစ်​ကောင်နှင့်သူ​ဆုံ​တွေ့ ခဲ့ရပြီး ထို့အပြင် ယင်းနဂါး​လေးမှာတခြားပုံမှန်နဂါးများလိုမဟုတ်ပါ​ပေ။ ဤသည်မှ​ရေစက်မဟုတ်လျှင် ဘာများဖြစ်နိုင်မှာပါလဲ?

အခုကဲ့သို့​သောထူးဆန်းလှသည့်အ​ခြေအ​နေမျိုးအားသူတစ်ခါမှမ​မျှော်မှန်းခဲ့မိသည့်အ​ကြောင်းကို​တွေးရင်း Eruhaben သည်စတင်ရယ်​မောခဲ့သည်။

"သိပ်မကြာခင်ငါလည်း​သေ​တော့မှာဆို​တော့ တစ်ခါတည်းအကုန်လွှဲ​ပေးခဲ့တာ​ပေါ့"

ထိုသို့​ပြော​ရင်း Eruhaben မှာရယ်​မော​သော်လည်းတိတ်ဆိတ်မှုတို့မှာလျင်မြန်စွာပင်ပြည့်နှက်သွား၏။ Eruhaben သည်သူ့အ​ပေါ် သို့ကျ​​ရောက်​နေ​သောအကြည့်တို့အားခံစားရမိပါသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now