Chapter 158: Rolling In By The Vine (5)

1.1K 178 11
                                    

အခန်း (၁၅၈): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၅)

Words Count: 5576

UNICODE

Cale မျက်နှာမှာမူန်သူန်လို့သွားသည်ကို Raon မြင်လိုက်ရသည်။

"Raon"

ယင်း​လေသံနိမ့်နိမ့်က Raon အားသူ၏အ​တွေးမှာအရမ်းအလွန်အကြူးဖြစ်လို့သွားခဲ့သည်ကိုသတိပြုမိသွား​စေခဲ့သည်။ Raon သည်လည်းပဲမူန်သူန်စွာဖြင့်ပြန်​ဖြေလေသည်။

"...အင်း?"

Cale ၏အင်အားအ​ထာအား Raon သည်အပြည့်အဝနားလည်သ​ဘော​ပေါက်​ပါသည်။ အနက်​ရောင်နဂါး​လေး၏​ရှေ့လက်သည် Cale ၏​​ခြေ​ထောက်အားလာတို့ထိသည်။

"ဟူးမန်း ငါအရမ်းမဟုတ်တာ​ပြောမိသွားတယ်...မင်းရဲ့ကိုယ်ခံအားကနည်းရုံတင်မကဘူး...မင်းရဲ့ဩဇာအာဏာကလည်းအင်ပိုင်ယာတော်ဝင်မိသားစုထက်အများကြီးနိမ့်​သေးတယ်မလား...အဲ့​တော့ ဒီတိုင်းအသာထိုင်​နေ...ငါမင်းအစားနန်း​တော်ကို​ဖောက်​ပေးမယ်"

"မင်းဘာ​တွေ​ပြော​နေတာလဲ?"

"ဟင်?"

Cale အစားနန်း​တော်အား​​အတည်ဖောက်ထွင်း​ပေးမည့် Raon နှင့်ဆန့်ကျင်စွာ Cale သည်​သေတ္တာ​လေးနှင့်ဒိုင်ယာရီစာအုပ်တို့အားစတင်သိမ်းဆည်းပြီး အစီစဥ်သစ်တစ်ခုအား​ခေါင်းထဲ၌​ရေးဆွဲ​လေ​တော့သည်။

"အဲ့ဒါကိုမနက်ဖြန်ကစရှာကြ​တာ​ပေါ့"

"ဟူးမန်း...အဲ့လိုကမှမင်းနဲ့ပိုတူတာ! ​တော်ဝင်နန်း​​တော်ဆိုတာကကြီးကျယ်မြင့်မြတ်တဲ့နဂါးတစ်​ကောင်နဲ့ယှဥ်လိုက်ရင်ပမွှားပဲ! ဘာမှစိတ်မပူနဲ့! ငါတို့လမ်းမှာပိတ်​နေသမျှအရာအားလုံးကိုငါရှင်း​ပေးမယ်!"

Cale သည်ငါးနှစ်သား​လေး၏​ကြောက်စရာ​ကောင်း​သော​ရေရွတ်မှုတို့အားလျစ်လျူရှုလိုက်ကာအခန်းတွင်းရှိတစ်ခုတည်း​သောပြတင်း​ပေါက်ဆီသို့ဦးတည်သွားခဲ့သည်။

သူသည်ပြတင်း​ပေါက်​ရှေ့၌ရပ်သည်။

သူသည်ဤပြတင်း​ပေါက်က​နေမှတဆင့်​ဖောက်ဝင်ဖို့အစီစဥ်မရှိခဲ့။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now