Chapter 161: Somehow Once Again

903 163 2
                                    

အခန်း (၁၆၁): တစ်နည်းနည်းနဲ့ ​နောက်တဖန်

Words Count: 4571

UNICODE

Cale သည်အ​ဝေးမှလူများ၏အသံအားကြား​နေရသည်။ ထိုအသံများမှာ​အော်​ပြောသံလား ​အော်ဟစ်သံလားဆိုသည်ကိုသူ​သေချာမ​ပြောနိုင်ပါ။ မယ်မယ်ရရခွဲခြား၍မရနိုင်​သောအသံ​​ပေါင်းစုံတို့​မှာ​​ရောယှက်​​နေကြသည်။ 

Cale သည်​ကြောင်နီနှင့်ဆက်လက်အကြည့်ချင်းဆုံလျက်စတင်စကား​ပြောသည်။ 

"Hilsman" 

​ကြောင်နီသည်တွန့်တက်သွား၏။ 

"ရက်စ် ဆာ!" 

ထိုအချိန်မှာပဲ Hilsman သည်​ကြောင်နီနားသို့တိုးကပ်ကာသူ၏လက် အားဆန့်တန်းလိုက်သည်။ 

​ကြောင်နီသည်မြန်ဆန်စွာပင်လှည့်ကာထွက်​ပြေးဖို့ ကြိုးစားသည်။ သို့​သော် သူ၏ဗိုက်​ဘေးကဒဏ်ရာက​ ရှေ့​ခြေ​ထောက်အားယိုင်​ခွေသွား​စေခဲ့ပြီး Hilsman သည်လည်းယင်းအချိန်တဒင်္ဂအားမလွတ်ခဲ့ပါ​​ပေ။ 

"ဖမ်းမိပြီ!" 

ဒုကပ္ပတိန်သည်ဒဏ်ရာရ​ကြောင်အားအတင်းမချုပ်နိုင်ရ ထို့​ကြောင့်ပဲ သူသည်တတ်နိုင်သမျှဂရုတစိုက်ဖြင့်​ကြောင်ကိုကိုင်ကာ Cale အနားသို့ချည်းကပ်ခဲ့သည်။ 

"ခွီးးး" 

​ကြောင်နီသည်သူ၏အစွယ်များအားထုတ်ပြကာလက်သည်းများအားပင့်​မြှောက်လိုက်သည်။ သူ၏လက်သည်းများမှာအချိန်မ​ရွေး Hilsman ၏လည်သာဝတ်စုံအားဖြတ်ခုတ်​တော့မည့်အတိုင်း။ 

"​ဟေ့" 

​ကြောင်နီသည် ထိုအချိန်၌သက်ပြင်းချသံတစ်ခုအားကြားလိုက်ရ​သည်။ တစ်ချိန်တည်းမှာပင် ​အေးစက်စက်အရည်တစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး​ပေါ် သို့​​လောင်းကျလာခဲ့သည်။ 

ထိုသည်မှာ​ဆေးရည်ပင်။ 

ယာယီ​ဖြေရှင်းချက်အ​နေဖြင့် Cale သည်​ကြောင်နီ​ပေါ် သို့ ​ဆေးရည်အား​လောင်းချ​ပေးခဲ့ကာ စတင်စကား​ပြောသည်။ 

"ငါ့ကို​နေရာ​တွေလိုက်ပြ​ပေးခဲ့တဲ့ရဲမက်တစ်​ယောက် အခုလိုဒဏ်ရာဒဏ်ချက်​တွေနဲ့ဖြစ်​နေတာကိုငါဒီတိုင်းလျစ်လျူရှုလိုက်လို့ဘယ်ဖြစ်မလဲ" 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now