Arc 1.12

15.8K 1.7K 44
                                    

"ဒီမင်းသမီးလေးက သူ့အပေါ် သိပ်ချစ်ပေးကြတဲ့ ခမည်းတော် ​မယ်တော်တွေနဲ့ အကိုတော်တွေ ရှိတာ သိပ်ကံကောင်းတယ်လို့ သူ့ဘဝတစ်လျှောက်လုံးမှတ်ထားခဲ့တာ
ဒါပေမယ့် ဒီချစ်ခြင်း တရားတွေက တစ်ချိန်မှာ သူ့ကို ဝေခွဲရခက်စေမယ် အမှားတွေ လုပ်မိစေမယ်လို့ မတွေးထားဖူးဘူးလေ "

ရိပေါ် မယ်မယ့် ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာတာကိုကြည့်ပြီး
သူသဘောပေါက်လိုက်တာက
ဒီပုံထဲက မိန်းကလေးက မယ်မယ်နဲ့ ဆက်စပ်မှုရှိရမယ်ဆိုတာပဲ
မယ်မယ်ကိုယ်တိုင်တောင် ဖြစ်ချင်ဖြစ်နေလိမ့်မယ်
ဒီရိုးရိုးရှင်းရှင်း ပန်းချီကားလေးမှာ မယ်မယ်နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတစ်ခုခုရှိနေတာမို့
ရိပေါ်ပိုပြီး စိတ်ဝင်စားလာ​မိတယ်

"သူ့ဘဝကို ရှုပ်ထွေးစေမယ့် ပြသနာတွေရဲ့ အစက
တခြားနိုင်ငံ​မင်းကြီးက အဲ့မင်းသမီးလေးကို နှစ်သက်တယ်ဆို ပြီး ဆက်သခိုင်းတဲ့ အချိန်ပဲ
တစ်ဦးတည်းရှိတဲ့ သမီးတော်လေးမို့ ခမည်းတော်နဲ့ မယ်တော်က လည်း တခြားနိုင်ငံကို ထည့်မပေးချင်သလို
အကိုတော်တွေကလည်း သူတို့ရဲ့ ညီမတော်လေး​ကို သူများလက်ထဲ ထည့်မပေးချင်ဘူးလေ

ဒါကြောင့် မင်းသမီလေးအစား တခြားတစ်ယောက်ကို
အစားထိုးလွှတ်လိုက်တော့
နောက်ရက်မှာပဲ အဲ့မင်းကြီးက စစ်ကြေငြာခဲ့တယ်
မင်းသမီးက အစားထိုးထားသူမှန်း မြန်မြန်ကြီးသိသွားတဲ့ အကြောင်းကိုတော့ သေချာမတွေးခဲ့ဘူး

​နောက်ဆုံးမှာတော့ မင်းသမီးလေးရဲ့ နိုင်ငံက စစ်ရှုံးတဲ့ အပြင် တိုင်းပြည်ရဲ့ မင်းကြီးနဲ့ မင်းသားနှစ်ယောက်ရဲ့ အသက်ပါ
ဆုံးရှုံးခဲ့တယ်
အသက်ရှင်ကျန်တဲ့ အငယ်ဆုံးအကိုတော်က လည်း မင်းသမီးလေးကို အဲ့မင်းကြီး လက်ထဲ ထည့်ပေးဖို့ သဘောတူခဲ့ပြီး
မင်းသမီးလေး တခြားနိုင်ငံ ပို့ဖို့ တစ်ရက် အလိုမှာပဲ မင်းသမီးလေးကို မှာကြားခဲ့တာတွေက
ခမည်းတော်နဲ့ အကိုတော်နှစ်ယောက်ကို သတ်တဲ့ ဒီမင်းကြီးကို အခွင့်ကောင်းရတာနဲ့ ပြန်လုပ်ကြံ ဖို့
ရန်သူနဲ့ အနီးကပ်နေတာ အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း မင်းသမီးလေးရဲ့ စိတ်ထဲကို ရိုက်သွင်းပေးခဲ့တယ်လေ

ဆန်းဆန်းကြီး systemWhere stories live. Discover now