Arc 3.15

13.3K 1.4K 125
                                    

နတ်ဆိုးဘုရင် လီဟွန်းရဲ့ လက်ကို ဆွဲပီး ကြာကန်​က ပြန်လာတဲ့ ရှောင်းကျန့်လေးဟာ
ဒီတစ်ခါတော့ လုံးဝအလွဲမခံနိုင်တော့တာမို့ ​အဆောင်တော်ကို တန်းမပြန်ဘဲ
ကောင်းကင် နန်းတော်ကို သာ အရင်သွားခဲ့တယ်

"ရင်းးး ဒီကို ကိစ္စရှိလို့လား "

"အွန်းးးး ရှင်းစရာလေးရှိလို့ "

တစ်ခွန်းသာ ပြန်ဖြေပြီး ကောင်းကင်မင်းကြီးရဲ့ နန်းဆောင်သို့ တန်းဝင်သွားလိုက်တော့
သူနဲ့ နတ်ဆိုးသခင်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ကောင်းကင်အရှင်

"​လျှောက်ထားစရာလေးရှိလို့ပါ အရှင် "

"ဘာကိစ္စများလဲ "

ပြန်သာပြောနေတာ ကောင်းကင်အရှင်ရဲ့ မျက်လုံးတွေက ရင်းနဲ့ လီဟွန်းရဲ့
ဆုပ်ကိုင်ထားတဲ့ လက်တွေ ဆီမှာသာ

"အရှင်နဲ့ ကျနော် လက်ဆက်ဖို့ စီစဥ်နေတာကို ဖျက်လိုက်ဖို့ပါ အရှင် တောင်းပန်ပါတယ်
ကျနော်လူလွဲသွားလို့ပါ
ကျနော်က ဒီလူကြီးကိုပဲ ချစ်တာ "

ဆုပ်ကိုင်ထားဆဲလက်ကို မြှောက်ပြပြီး​ပြောနေတဲ့ ရှောင်းကျန့်လေးက
အခုချိန်မှာ ကောင်းကင် အရှင်ရဲ့ ခံစားချက်တွေကို ထည့်တွက်ပေးဖို့ မအားသေး

"ပြီးတော့ ကျနော်က နတ်ဆိုးသခင်နဲ့ပဲ လက်ဆက်​မှာမို့ အရှင် ခွင့်ပြုပေးလိုက်ပြီလို့ ပဲ သတ်မှတ်လိုက်တော့မယ် အရှင် "

"လူကြီး ကျနော့ကို ယူတော့ "

တ​စ်ယောက်​တည်း ​ကောင်းကင်အရှင်ကို ​ပြောလိုက် နတ်ဆိုးသခင်ကို ပြောလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးကို

လီဟွန်းက အသည်းယားနေသလို
လီဟွမ်ကလည်း အသည်းကွဲနေတဲ့ကြားက
သူတို့လေးတွေပျော်ဖို့ ခွင့်ပြုပေး​လိုက်ပါတယ်

နောက်ရက်မှာ နတ်ဆိုးသခင်နဲ့ အချစ်နတ်ဘုရားလေးတို့ရဲ့ လက်ဆက်ပွဲ​သတင်းက ကောင်းကင်မှာသာမက
နတ်ဆိုးတိုင်းပြည်အနှံ့လည်း အပြောအများဆုံး အကြောင်းအရာဖြစ်လာတယ် သုံးလောကမှာ နာမည်တစ်လုံးနဲ့တင် အရာရာကို ထိန်းချုပ်နိုင်တဲ့ နတ်ဆိုး ဘုရင်ဟာလည်း
အချစ်နတ်ဘုရားလေးထံမှာ ကျဆုံး ရတာပဲ ဆိုပြီးတော့ပေါ့
ရှောင်းကျန့်လေးဟာ အရမ်းကံကောင်းပါတယ် ဒီကမ္ဘာ မှာလည်း နတ်ဆိုး ဘုရင်ရဲ့ သည်းသည်းလှုပ်​အချစ်ခံခဲ့ရတယ်
သားနားလည်ပြီမားးး ယောက်ျားလေးချင်း အချစ်ကလည်း တည်မြဲတယ်ဆိုတာ

ဆန်းဆန်းကြီး systemWhere stories live. Discover now