Arc 5.16

6K 788 0
                                    

Friday ဟာ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီ ဒီတစ်ခေါက်တော့ ရှောင်းကျန့်လေး အရေးကြီးကိစ္စကို မမေ့တော့ပါ
နိုးလာကတည်းက ပထမဆုံး သတိရလာတာက ဒီနေ့ဟာ တပတ်ပြည့်တဲ့နေ့ ရေသူဘဝ ပြန်လည်ကူးပြောင်းမယ့်နေ့
ပြသနာတော့မရှိ အိမ်မှာ ဖြစ်တဲ့ အပြင် Gum
ကလည်း အရေးကြီး အလုပ်ကိစ္စကြောင့်
အိမ်ပြန်နောက်ကျမယ်တဲ့
ဒါဆို အိမ်မှာ တယ်တယ်နဲ့ သူ နှစ်ယောက်တည်း ရှိမှာ ရေသူဘဝကို ဂျွမ်းထိုးပြီးပြောင်းလို့ရတယ်

တစ်ချိန်တည်းမှာပဲ ရှောင်းကျန့် ရှိနေတဲ့ အိမ်ဝန်းလေးဟာ လျန်ရဲ့ စောင့်ကြည့်မှုတွေအောက် ရောက်နေခဲ့ရတာကို
ပျော်ရွှင်နေသူလေး မသိခဲ့ရှာဘူး
သူကိုယ်တိုင် ဒုက္ခကို ငွေနဲ့လဲယူခဲ့တဲ့အဖြစ်ကို လည်း မသိသေးချေဘူး
သို့ပေမယ့် ကံကြမ္မာက ရှောင်းကျန့်ကို တစ်ခါတော့ မျက်နှာသာပေးနေသေးတယ်
ရေသူဘဝပြောင်းလဲခြင်း ဖြစ်စဥ်တစ်ခုလုံးကို ရေချိုးခန်းထဲမှာသာ လုပ်ဆောင်သွားတဲ့ ရှောင်းကျန့်က လျန့်လက်ထဲမိဖို့ ကပ်သီသီလေးလွတ်သွားခဲ့တာ
အဲ့ဒီအစား သူ့ရဲ့ စကားပြောတတ်တဲ့ လိပ်ထူးဆန်းလေးအကြောင်းတော့ တွေ့ရှိသွားခဲ့တယ်
ရှောင်းကျန့် သိပ်ကံကောင်းခဲ့သလို
လျန်လည်း သိပ်ရဲတင်းခဲ့တာ
သူရဲ့အကိုလေး စိတ်တော် မကွက်စေဖို့
တဖက်အိမ်ရဲ့ အိပ်ခန်းတွေနားထိခိုးဝင်ပြီး
လိပ်နဲ့ ကောင်လေး စနောက်ဆော့ကစားနေတာကို အထူးအဆန်းဖြစ်မှတ်ယူပြီး ပြန်သွားခဲ့လို့ တကယ်လို့ သူသာ ဆက်ပြီး စူးစမ်းနေခဲ့မယ်ဆိုရင် ပိုထူးဆန်းတဲ့အရာကို ရိပ်စားမိသွားမှာ အသေအချာပဲ

"သေချာလား လျန် အဲ့ကောင်လေးရဲ့ လိပ်က တယ်စကားပြောတတ်တာလား "

ဒီထူးဆန်းတဲ့ လိပ်အကြောင်းကို ကြားရတာ နှစ်ကြိမ် ရှိပြီဖြစ်လို့ janအနေနဲ့ ဒီတစ်ခါမှာတော့ ယုံချင်နေမိတယ်
ပြောတဲ့သူကိုယ်တိုင်ကလည်း စနောက်ကျီစယ်နေမယ့်သူ​မျိုး မဟုတ်ဘူး
နောက်ကျမှ ဝင်လာတဲ့ သူဆိုပေမယ့်
လျန်ဆိုတဲ့ သက်တော်စောင့်လေးရဲ့ အလုပ်လုပ်ပုံကိုတော့ တကယ်သဘောကျတယ် ဒါကြောင့်လည်း အနားခေါ်ထားခြင်း

ဆန်းဆန်းကြီး systemWhere stories live. Discover now