Arc 2.11

11.8K 1.3K 42
                                    

ဒီနေ့ရှောင်းကျန့်လေး ရုံးဆင်းရတာ စိတ်မချမ်းသာခြင်းများစွာနဲ့
နေ့တိုင်းသာ အလုပ်လာနေတာ ဟွေ့လူကြီးအတွက် တစ်ခုမှ အကူအညီမဖြစ်
ဟွေ့လူကြီးခမျာ လွန်ခဲ့တဲ့ ငါးရက် Drမွှေတဲ့နေ့ကစပြီး အလုပ်ရှုပ်နေရတာ
ကူပေးချင်ပေမယ့် ရှောင်းကျန့်လေးကိုယ်တိုင်က company အလုပ်ကို တစ်ခုမှ စိတ်မဝင်စားသလို တစ်ခုမှလည်းနားမလည်
သနားပါတယ် လူကြီးတစ်ယောက်တည်းကြိုးစားနေရတာ
မကြည့်ရက်တဲ့ ရှောင်းကျန့်လေးကပဲ အလုပ်စောစောဆင်းလာရတယ်
သို့ပေမယ့် စိတ်ကတော့ လေးနေဆဲ
စိတ်လေးလေးနဲ့သာ ကားမောင်းပြီး အိမ်ပြန်ဖို့ ကားတံခါးပိတ်စဥ် မျက်နှာအနီးသို့ရောက်လာတဲ့ ပဝါတစ်ခုနဲ့ လက်တစ်ဖက်
ကို ​အသိစိတ်မလွတ်ခင်နောက်ဆုံးတွေ့ခဲ့ရတာ

ချင်းဖန် baeကို ပြောထားတဲ့ အတိုင်း 7ရက်မြောက်နေ့မှာ အပိုင်သိမ်းဖို့
ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဖမ်းပြီးသိမ်းထားဖို့ တွေးထားတယ်
baeအသားကို တခြားသူထိမှာမကြိုက်တဲ့ ချင်းဖန်က baeနဲ့ပတ်သတ်သမျှအရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်တယ်
ခုလည်း မေ့ဆေးအရှိန်ကြောင့် မေ့မျောနေတဲ့baeကို ဘေးခုံကို ရွှေ​့လိုက်ကာ သူကတော့ မောင်းတဲ့သူနေရာကနေ သူစီစဥ်ထားတဲ့ အိမ်ကလေးဆီ

အိမ်ကလေးရဲ့တည်နေရာက လူသူအရောက်ပေါက်နည်းတဲ့ မြို့ပြင်ရဲ့ တစ်နေရာ
လမ်းပေါက်တဲ့ အရပ်မျိုးမဟုတ်ဘဲ မြေနီလမ်း​သေးသေးကနေသာ သွားလို့ရနိုင်တဲ့နေရာမျိုး ဖြတ်သွားဖြတ်လာ လူလုံးဝမရှိဘဲ
ရည်ရွယ်ချက်ရှိရှိလာမှသာ ရောက်နိုင်တဲ့ နေရာမျိုး
မြေကွက်လပ်အကျယ်ကြီးမှာ တစ်လုံးတည်းတည်ရှိနေတဲ့ အိမ်လေးတစ်လုံးကလည်း အထီးကျန်ဆန်စွာ တည်ရှိနေပေမယ့်
ရည်ရွယ်ချက်ရှိရှိဆောက်ထားသူအတွက်တော့ သဘောကျကျေနပ်မှုအပြည့်ပေါ့

ချင်းဖန် အသိကင်းမဲ့နေတဲ့ baeရဲ့ကိုယ်လေးကို အခန်းတစ်ခုရဲ့ ကုတင်လေးအပေါ်အသာအယာချလိုက်ပြီး
မြတ်နိုးမှုအပြည့်နဲ့ ငေးကြည့်နေမိသည်
လှလိုက်တာ baeရာ ချစ်လို့သေမှာပဲ
baeသာမဆိုးရင် ကိုယ်က ခမ်းခမ်နားနားနဲ့ လက်ထပ်ယူချင်တာ အခုလို အတင်းအကြပ် သိမ်းပိုက်ချင်တာမျိုး မဟုတ်ဘူး
စိတ်ချbae ကိုယ်က ကတိပေးထားတဲ့ အတိုင်း 7ရက်ပြည့်မှ သိမ်းပိုက်မှာမို့
ချစ်ရတဲ့ baeက ဒီနေ့မှာတော့ စိတ်ချလက်ချ အနားယူပါ
မနက်ဖြန်မှပဲ ကိုယ့်ရဲ့ ခင်ပွန်းအဖြစ်တရားဝင်သိမ်းပိုက်မယ် bae

ဆန်းဆန်းကြီး systemWhere stories live. Discover now