Arc 2.6

13.5K 1.5K 45
                                    

ဟွေ့လန် သူ့ရှေ့က ကောင်လေးရဲ့ ခါးကို ပိုင်စိုးပိုင်နင်းဖက်ထားတဲ့ ချင်းဖန် ကြောင့်
ဒီမြင်ကွင်းကို သည်းခံပြီး ဆက်မကြည့်နိုင်တော့
အလုပ်စားပွဲက ထပြီး ​ကောင်​လေးအနားသွားကာ
ချင်းဖန်လက်ထဲက အားနဲ့ ဆွဲယူလိုက်တော့
သူ့လက်ထဲပါလာတဲ့ ကောင်လေး
အစောကတည်က ဒါမျိုးဖြစ်သင့်တာ

"ဒီရုံးခန်းကို လာရလောက်တဲ့ အကြောင်းအရင်း ရှိလို့လား Dr "

ဟွေ့လန်ရဲ့ ခပ်ရွဲ့ရွဲ့အမေးကို
​ချင်းဖန်က လည်း အောင်နိုင်သူ တစ်ယောက်လို အဖြေပြန်ပေး​ရင်း ဟွေ့လန်ရဲ့ ဒေါသကို ဆွနေပြန်သည်

"ကိုယ့်ကောင်လေးရဲ့ ပထမဆုံး ရုံးတက်ရက်ကို လိုက်ပို့တာလေ
ဟွေ့ CEO ဖြစ်နိုင်ရင် ကျွန်တော့ခွင့်ပြုချက် မရှိဘဲ ကျွန်တော့ ကောင်လေးအသားကို မထိစေချင်ဘူး "

သူ့လက်ကြီးကြီးထဲရောက်နေတဲ့ ကောင်လေးရဲ့ သေးသွယ်တဲ့ လက်ကလေးကို ကြည့်ရင်းဆိုသူ ချင်းဖန် ကိုယ့်ကောင်လေးတဲ့လား
တွဲနေပြီဆိုတဲ့ သဘောပေါ့

တစ်ချိန်လုံးချင်းဖန်ပေါ်ရောက်နေတဲ့ အကြည့်စူးစူးတွေက ဒီတစ်ခါတော့ ဖေးလျန်ဆိုတဲ့ ကောင်လေးဆီ
တွဲဖို့ ခွင့်ပြုရဲတယ်ပေါ့ ဖေးလျန်
ချင်းဖန်ကို မင်းက သဘောကျတယ် ဆိုတဲ့ သဘောလား

ရှောင်းကျန့်လည်း သူ့ကို ဟိုဆွဲ ဒီဆွဲလုပ်နေတဲ့ ဒီလူနှစ်ယောက်ကို နည်းနည်းတော့ စိတ်ပေါက်လာပြီ
အရှင်ဆိုတဲ့ ကြည်နူးမှုလေးတောင် မဆုံးသေး အကြည့်စူးစူးတွေနဲ့ ကြည့်နေ​ပြန်တဲ့ ဟွေ့သခင်ကြီး
Drရဲ့ ပေါက်ကရ​အပြောတွေကို ယုံကြည်နေပုံ သို့ပေမယ့်လည်း မဟုတ်ကြောင်းလည်း ရှင်းမပြနိုင် ကိုယ်ကိုယ်တိုင်က အလဲအလှယ်ကို လက်ခံမိသည်မလား
အကယ်၍များ အရှင့်ကို အချိန်အနည်းငယ်လောက်များ ကြိုပြီး မှတ်မိမယ်ဆို
ဒီလူကို ကူညီဖို့ တောင်းဆိုမိမှာမဟုတ်သလို
တွဲဖို့လည်း လက်ခံမိမှာမဟုတ်
mission ဆိုတဲ့ အရာကြီးကလည်း ရှိသေးတော့ အရှင်အထင်လွဲလည်း နေပါစေတော့

"အကို ကျွန်တော် အလုပ်လုပ်ဖို့ လာတာဆိုတော့ အကိုလည်းပြန်တော့လေ
အလုပ်ရှိသေးတယ်မလား "

ဆန်းဆန်းကြီး systemWhere stories live. Discover now